အားကစားသတင်းများ

အပြောင်းအရွှေ့ဈေးကွက်ထဲမှာခြေလှမ်းသွက်နေတဲ့ မန်ချက်စတာယူနိုက်တက် 🔴

blog image

July 19, 2024


မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပိုင်ရှင်သစ်လက်ထက်မှာတကယ်ကိုမထင်မှတ်ထားရလောက်အောင်ကိုပဲအပြောင်းအရွှေ့ဈေးကွက်ထဲမှာခြေလှမ်းအသွက်ဆုံးလုပ်ပြနေတာကိုတွေ့ရပါတယ်။ အခြားပြိုင်ဘက်အသင်းကြီးအချို့ငြိမ်သက်နေချိန် အသင်းရဲ့လိုအပ်ချက်တွေအတွက်တကယ်ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်နေတာတွေ့ရပါတယ်။တစ်ပတ်အတွင်းမှာပဲကစားသမားသစ်နှစ်ဦးကြေညာနိုင်အောင်လုပ် ပြနိုင်ခဲ့တဲ့အပြင်နောက်ထပ်ကစားသမားသစ်တစ်ဦးကိုပါခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင်ရယူထားနိုင်ခဲ့ပြီးပြီဖြစ်ပါတယ်။ဒါကလုံးဝကို မထင်မှတ်ထားတဲ့အရာပါ၊ ပုံမှန်ဆို အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခက်ခဲမယ်၊ ကြန့်ကြာမယ်လို့အားလုံးကထင်ခဲ့ကြပေမဲ့ လက်တွေ့မှာတကယ်ကိုလျှင်မြန်စွာပြုလုပ်သွားနိုင်ခဲ့ပါတယ်။ ပြီးတော့တကယ်ကိုကောင်းမွန်တဲ့ခေါ်ယူ မှုတွေကိုလည်းလုပ်ဆောင်ထားနိုင်ခဲ့တာတွေ့ရပါတယ်။
ပထမဦးဆုံးခေါ်ယူလိုက်တဲ့တိုက်စစ်မှူးဇက်ခ်ဇီဆိုအသက်အရွယ်အားဖြင့်23သာရှိသေးပြီး မနှစ်ကစီးရီးအေမှာတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တဲ့လူငယ်ကစားသမားတစ်ယောက်လည်းဖြစ်ပါ တယ်။တကယ်ကိုကောင်းမွန်တဲ့ ပရိုဖိုင်ရှိတဲ့ကစားသမားလေးဖြစ်ပြီးစီးအီအေ အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုအများဆုံးခံရတဲ့ကစားသမားပါ။ ဒီကစားသမားလေးအတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့အေစီမီလန်အသင်းနဲ့အပြိုင်လိုက်ခဲ့ရပြီးလျှင်လျှင်မြန်မြန်ပဲခေါ်ယူနိုင်ခဲ့ပါတယ်။ နောက်ပြီးပြောင်းရွှေ့ကြေးလည်းလိုတာထက်ပိုမပေးခဲ့ရပဲ 3 နှစ်အရစ်ကျနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့အသက်18နှစ်အရွယ်ခံစစ်မှူးလေးရိုယိုဖြစ်ပါတယ်။တကယ့်ကိုပါရမီရှိတဲ့လူငယ်ကြယ်ပွင့်လေးပါ။ ဒီလူငယ်လေးကိုရဖို့အတွက်မန်ယူအသင်းဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးအသင်း၊
အင်အားအကြီးဆုံးအသင်းလို့ပြောရမဲ့ ရီရဲမက်ဒရစ်အသင်း၊ လီဗာပူးတို့ နဲ့ကိုအပြိုင်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။။ အားမနာတမ်းပြောရမယ်ဆိုဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာလိမ့်မယ်လို့ ဘယ်မန်ချက်စတာယူနိုက် တက်ပရိတ်သတ်တွေကမှမထင်ထားခဲ့ကြပါဘူး။ ဒီအပြောင်းအရွှေ့အတွက်လည်းကိုယ့်အသင်းပေါ်အဲ့လောက်ယုံကြည်မှုမရှိခဲ့ကြပါဘူး။ဒါပေမဲ့အသင်းကလျှင်မြန်စွာပဲခေါ်ယူပေးနိုင်ခဲ့ပါတယ်။
နောက်ထပ်လည်းလိုအပ်နေတဲ့ကွင်းလယ်နေရာအတွက် PSG အသင်းရဲ့ကွင်းလယ်ကစားသမား အူဂါတီ ကိုခေါ်ယူဖို့အတွက်ပါကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင်ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တကယ်
ကိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ပြီးတော့ဒီခေါ်ယူမှုတွေအားလုံးကိုလည်း တစ်ပတ်အတွင်းမှာပဲလုပ်ပြခဲ့တာပါ။ ဒါတွေကဘယ်တော့မှမမြင်တွေ့ခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းအရွှေ့ လုပ်ရှားမှုတွေပါပဲ၊ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတဲ့အသင်းတစ်သင်းအတွက်တကယ်ကိုကောင်းမွန်စွာအလုပ်လုပ်နိုင်ခဲ့တယ်လို့ပြောရပါမယ်။ နောက်ပြီးဒီကစားသမားတွေအားလုံးကလည်း အရည်အသွေးရှိ
ကစားသမားတွေချည်းပဲဖြစ်ပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့်လည်း မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ပိုင်ရှင်ကောင်းတွေနဲ့တကယ်ကိုအလုပ်လုပ်တဲ့ အဖွဲအစည်းတစ်ခုကိုရလိုက်ပြီဆိုတာပါပဲ။ အသင်းအတွက်အရည်အသွေးရှိကစားသမား
တွေကို လျှင်လျှင်မြန်မြန်ပဲခေါ်ယူပေးနိုင်ခဲ့တဲ့အပြင်အသင်းမှရောင်းချလိုက်တဲ့ကစားသမားတွေကိုလည်း တန်ရာတန်ကြေးရရှိအောင် အချိန်မဆွဲပဲရောင်းချနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ နောက်ပြီးဒီလို
လုပ်ဆောင်ချက်တွေကိုကြည့်ခြင်းအားဖြင့် မန်ချက်စတာယူနိုက်တက်ဟာလမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီလို့လည်းပြောနိုင်ပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024