အားကစားသတင်းများ

စာတတ်လာတဲ့ဂိတ်တို့ နဲ့ ကလေးဗိုလ်တို့ ပြိုင်ဘယ်သူနိုင် ?

blog image

August 5, 2024


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရောင်းအဝယ်လုပ်ဆောင်ချက်တွေက ပိုင်ရှင်သစ် INEOS လက်ထက်မှာ အရင်နှစ်တွေကထက်အများကြီးတိုးတက်ပြောင်းလဲလာတာအားလုံးလည်းမြင်တွေ့ကြ
မှာပါ ။ လိုချင်တဲ့ ကစားသမားတွေကို တန်ရာတန်ကြေးထက်ပိုမပေးပဲ လျှင်လျှင်ပဲမြန်မြန်ရအောင် ခေါ်ယူနိုင်ခဲ့တဲ့အပြင် ရောင်းချလိုက်တဲ့ကစားသမားတွေကိုလည်းထိုက်သင့်တဲ့ပြောင်း ရွှေ့ကြေးရရှိ


အောင်လုပ်ပြထားတာ ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ဒီနှစမန်ချက်စတာယူနိုက်တက်ရဲ့လုပ်ဆောင်ချက်တွေက စာတတ်လာပြီလို့ဆိုရမှာပါ ။

အခုတော့ အဲ့ဒီစာတတ်လာတဲ့မန်ချက်စတာယူနိုက်တက်နဲ့ ဘွန်ဒက်လီဂါရဲ့ ဗိုလ် ဘိုင်ယန်မြူးနစ်တို့ ကစားသမား အရောင်းအဝယ်မှာကိစ္စမှာတွေ့ကြပါပြီ။ ဘိုင်ယန်မြူးနစ်ရဲ့နောက်ခံကစားသမားတွေ ဖြစ်တဲ့ ဒီလစ် နဲ့ မဇာရာအိုရီ တို့ကိုမန်ချက်စတာယူနိုက်တက်ကလိုချင်နေတဲ့ဇာတ်လမ်းမှာတွေ့ကြတာဖြစ်ပါတယ် ။
ဘိုင်ယန်က သူ့တို့ရဲ့ကစားသမားတွေကို သူ့တို့ခေါ်ဈေးအတိုင်းလိုချင်ပြီး မန်ချက်စတာယူနိုက်တက် ကလည်းခေါ်ဈေးအတိုင်းမပေးချင်တာဖြစ်ပါတယ်။ ကစားသမားတွေဘက်ကတော့ ပျက်သားပြီး
သူတို့က မန်ချက်စတာယူနိုက်တက်ကိုပဲသွားချင်တယ် မန်ချက်စတာယူနိုက်တက်အသင်း နဲ့လည်း 5 နှစ်စာချုပ်အပြင် နောက်ထပ်အပို 1 နှစ်စာချုပ်ဖြင့် လက်မှတ်ရေးထိုးဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု
တွေလည်းရရှိ ထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်း အရွှေ့မှာ ပြောင်းရွှေ့ကြေး သဘောတူညီမှုရတာနဲ့အပြောင်းအရွှေ့တွေကဖြစ်မြောက်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းဒါကပဲပြဿနာ
လို့နေတာပါ။ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုတွေကိုလည်း ဘိုက်ယန်ကကြိုက်ဈေးမရလို့အကြိမ်ကြိမ်ပယ်ချနေတာဖြစ်ပါတယ်။
ဒီနေရာမှာ ဘိုင်ယန်မြူးနစ်တို့ဈေးကိုင်နေရတဲ့အဓိကအကြောင်းအရင်းက ယူနိုက်တက်တို့ရဲ့နောက်ခံလူသစ်ယိုရို ရဲ့ဒဏ်ရာပြဿနာကြောင့်လို့ဆိုရမှာပါ။နောက်ခံလူထပ်ဝယ်ဖိုလိုအပ်နေတဲ့ ယူနိုက်
တက်ရဲ့လိုအပ်ချက် ကိုသိပြီးဈေးကိုင်နေတာဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့ကလည်းနောက်ခံနေရာအတွက်အမှန်တကယ်လိုအပ်နေတာမို့ ဘာတွေဆက်ဖြစ်လာမလဲတော့စောင့်ကြည့်ရပါမယ်။ ယူနို က်တက်နဲ့ ဘိုင်ယန်တို့ပြိုင်နေတဲ့ပွဲမှာ ဘယ်သူနိုင်သွားမလဲစိတ်ဝင်စားစရာပါ။
ထွက်ပေါ်လာတဲ့သတင်းတွေအရ ကစားသမားတွေက သက်ဆိုက်ရာကလပ်နဲ့ ဆက်လက်လေ့ကျင့်နေပေမယ့်လည်း ဒီအပြောင်းအရွှေ့ ကအမှန်တကယ်ဖြစ်ပေါ်လာမယ်လို့ယုံကြည်ထားကြပြီးအသင်း ပြောင်းဖို့အသင့်ပြင်ထားကြတယ်လို့လည်းဆိုပါတယ်။မန်ချက်စတာယူနိုက်တက်ဘက်ကလည်းကစားသမားတွေကို သူတို့ရအောင်ခေါ်မယ်လို့အသိပေးထားပြီး နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းမှုအသစ်
ပြုလုပ်လာမယ်လို့လည်းကြားသိရပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024