ပွဲကြိုသုံးသပ်ချက်

လန်ဒန်ရဲ့အပြာရောင်ကောင်းကင်အောက် မှာ သရဲနီတွေပွဲခံမယ့်ည

blog image

June 8, 2024

(ချယ်လ်ဆီး Vs မန်ယူ ပွဲကြိုသုံးသပ်ချက်)

အားလုံးပဲမင်္ဂလာပါ။ မန်ယူနဲ့ချယ်လ်ဆီးဆိုတာဟာ ပရီးမီးယားလိဂ်ရဲ့အစဥ်အလာပြိုင်ဖက်တွေဖြစ်ကြသလို အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေဆိုလည်းမမှားပါဘူး။ အခုမှသာ နှစ်သင်းလုံး အထည်ကြီးပျက်တွေဖြစ်နေကြပေမယ့် အရင်ခေတ်တွေတုန်းက တွေ့တိုင်းတွေ့တိုင်းမှာ ရေကုန်ရေခမ်းကစားကြတဲ့နှစ်သင်းပါ။ ဒီတစ်ခေါက်တွေ့ဆုံမှုမှာလည်း ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်ပေးဦးမယ်လို့ ခန့်မှန်းကြည့်လို့ရပါတယ်။

ဒီနှစ်သင်းဟာ 1995 ခုနှစ်ကနေစပြီး သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံထိပ်တိုက်တွေ့ဆုံမှု ၇၄ကြိမ်အထိရှိထားပါတယ်။ အဆိုပါ ၇၄ကြိမ်အတွင်း ချယ်လ်ဆီးအသင်းက ၂၃ကြိမ်အနိုင်ရထားပြီး မန်ယူတို့ကတော့ ၂၂ ကြိမ်အနိုင်ရကာ ကျန်တဲ့ပွဲတွေကတော့ သရေကျခဲ့ပါတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာရထားတဲ့အသင်းမရှိဘူးလို့ဆိုရမှာပါ။

ပတမအကျော့တွေ့ဆုံမှုမှာတော့ မန်ယူအသင်းက သူတို့ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ ခြေစွမ်းပြခဲ့တဲ့ မက်တော်မီနေးတဲ့ ကိုးပါးလ်မားတို့ကို လာမယ့်ပွဲစဥ်မှာလည်း ထပ်မံစောင့်ကြည့်သွားရမှာပါ။ ဒီကစားသမားနှစ်ယောက်လုံးဟာ သက်ဆိုင်ရာအသင်းတွေအတွက် အရေးပါတဲ့ဂိုးတွေကို သွင်းယူပေးနေကြသူတွေပဲဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ရပ်တည်မှုအနေအထားအရတော့ မန်ယူအသင်းက ချယ်လ်ဆီးအသင်းရဲ့အထက်မှာရပ်တည်နေပါတယ်။ မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပြီး ချယ်လ်ဆီးကတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ဂုဏ်သိက္ခာအတွက်ပဲ ယှဥ်ပြိုင်ကစားသွားမယ်လို့ယူဆရပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းက ဒဏ်ရာပြသာနာ ကင်းစင်နေပြီး ကစားသမားအားလုံးက အကောင်းဆုံးခြေစွမ်းကိုပြသနေတာပါ။ ညာတောင်ပံက အန်တိုနီကလွဲရင် ကျန်တဲ့ကစားသမားတွေရဲ့ခြေစွမ်းက တည်ငြိမ်မှုရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်၊ ဟွိုက်လန်း ဂါနာချိုတို့ရဲ့တိုက်စစ်တွဲလုံးက အသင်းတိုင်းကိုဂိုးသွင်းနိုင်သလို ဘရူနို ကာစီမဲရိုး ကိုဘီမေနူးတို့ရဲ့ကွင်းလယ်ဖန်တီးနိုင်စွမ်းကိုလည်းမေ့ထားလို့မရပါဘူး။ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ မက်တော်မီနေးကလည်း မထင်ရင်မထင်သလို ဂိုးတွေသွင်းပြနေတာကြောင့် ချယ်လ်ဆီးတို့သေချာဂရုစိုက်ဖို့လိုပါတယ်။ ခံစစ်မှာဆိုရင် မက်ဂွိုင်းယားခြေစွမ်းတည်ငြိမ်နေပြီး ဗာရန်းကလည်းဒဏ်ရာကနေသက်သာလာပြီဖြစ်တာကြောင့် မန်ယူရဲ့ခြေစွမ်းကဒီရာသီအတွင်း အကောင်းဆုံးပုံစံမှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။

ချယ်လ်ဆီးအသင်းမှာတော့ အားကိုးစရာကစားသမား များများစားစားမရှိပါဘူး။ ကိုးပါးလ်မားတစ်ယောက်ရဲ့ရုန်းအားကိုသာ မှီခိုနေရပြီး စတာလင်၊ နီကိုးလပ်ဂျက်ဆင်နဲ့ မူဒရစ်တို့က ပုံမုန်ခြေစွမ်းမရှိဘူးဖြစ်နေတာပါ။ ကွင်းလယ်နဲ့ခံစစ်ကလည်း သာမန်အဆင့်သာရှိပြီး စုဖွဲ့မှုအားကလည်း မန်ယူနဲ့ယှဥ်ရင်တဆင့်နိမ့်နေပါတယ်။ အိမ်ကွင်း စတန်းဖို့ဘရစ်ဂျ်မှာဆိုပေမယ့် ချယ်လ်ဆီးတို့ မန်ယူကို အသာရဖို့မလွယ်ကူပါဘူး။

အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားကြမယ့် မန်ယူအသင်းသားတွေရဲ့ရုန်းအားကြောင့် ချယ်လ်ဆီးတို့ ပိုပြီးခက်ခဲနိုင်ပါတယ်။ နည်းပြနှစ်ယောက်ဖြစ်တဲ့ ပိုချက်တီနိုနဲ့အဲရစ်တန်ဟက်တို့ရဲ့ နည်းစနစ်အဆင့်အတန်းကမကွာခြားပေမယ့် ကစားသမားစုဖွဲ့မှုအပိုင်းနဲ့ လီဗာပူးကိုအနိုင်ယူထားတာကြောင့် စိတ်ဓာတ်ပိုင်းမှာတိုးတက်မှုရှိနေတဲ့ မန်ယူအသင်းကသာ ဒီပွဲမှာ အောင်ပွဲဆင်သွားနိုင်ပါတယ်။ စတမ်းဖို့ဘရစ်ချ်မှာဆိုပေမယ့် မန်ယူရဲ့လက်ရှိခြေစွမ်းဟာ ချယ်လ်ဆီးကိုအနိုင်ယူဖို့ မခက်ခဲပါဘူး။ လန်ဒန်ရဲ့အပြာရောင်ကောင်းကင်အောက်မှာ ပွဲခံသွားမယ့်အသင်းက သရဲနီတွေပဲဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။

Please Like & Follow For More Information 

K9Win MM မှာဆို Online Gameပေါင်းများစွာကိုတစ်နေရာထဲမှာဆော့ကစားလို့ရမယ့် အပြင် ဘောလုံးပွဲများကိုလည်း မောင်း/ ဘော်ဒီ/ဂိုပေါင်းစိတ်ကြိုက်လောင်းလို့ရပြီး ၂၄နာရီ ပိတ်ရက်မရှိ ငွေသွင်းငွေထုတ်နိုင်ပါတယ် ။

Promotions တွေကို Member အသစ်ဟောင်း အားလုံးအတွက် အမြဲ ရှိတာမို့ ငွေသွင်း ၊ ငွေထုတ်တိုင်းမှာ အပိုဆုကြေးတွေ ရဦးမှာနော်

အခုပဲ K9Win MM မှာ အကောင့်ဖွင့်ပြီး ကစားဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော် 💕

📱 Viber Number : +959893244859

📱 Telegram : @k9winmm

🤩Viber Channel >>

https://invite.viber.com/…

🤩Telegram Channel >>

https://t.me/k9winmmr

🤩Youtube Channel Subscribe >>

https://www.youtube.com/@k9winmm

#K9WinMM