ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်၊ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်တွေအတွက် အိုးလ်ထရက်ဖို့ဒ်မှာ စီးချင်းထိုးကြမဲ့ ယူနိုက်တက်နဲ့လီဗာပူးလ်

blog image

June 8, 2024

ပရီးမီးယားလိဂ်မှာ ဒုတိယအကြိမ်မြောက် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေကျရင် ပွဲကြီးပွဲကောင်းအဖြစ် သမိုင်းကြောင်းအစဉ်အလာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးက အတိတ်သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြသလို အင်္ဂလန်ဘောလုံးလောကရဲ့ အောင်မြင်မှုအများဆုံးအသင်းတွေဖြစ်တာကြောင့် ဒီနှစ်သင်းတွေ့ရင် အကြိတ်အနယ်ရှိပြီး ကစားသမားတိုင်းက အသည်းပေါက်မတတ် အားထုတ်ကစားလေ့ရှိပါတယ်။ ယူနိုက်တက် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်က သူ့လက်ထက်အတွင်း အမှတ်ပေးပြိုင်ပွဲမှာ လီဗာပူးလ်အသင်း စိုးမိုးနေတာကို ရပ်တန့်ပြမယ်လို့ ကြွေးကြော်ခဲ့တဲ့အတိုင်း မဖြစ်ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့အောင်မြင်မှုအများဆုံးအသင်းအဖြစ် အကြိမ် ၂၀ နဲ့ အောင်မြင်မှုမှတ်တမ်း စိုက်ထူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖာဂီခေတ်လွန်နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ ရိုလာကိုစတာခရီးကြမ်းစတင်ခဲ့ပြီး ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်ထက်အထိ အသင်းက တည်ငြိမ်မှု မရှိသေးပါဘူး။ လီဗာပူးလ်အသင်းကတော့ နည်းပြကြီးယာဂန်ကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့သလို ချန်ပီယံလိဂ်အပါအဝင် တခြားဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဖာဂူဆန်လက်ထက်မှာကတည်းက လီဗာပူးလ်နဲ့တွေ့ရင် ခက်ခက်ခဲခဲ ရုန်းကန်ရလေ့ရှိတဲ့ ယူနိုက်တက်အသင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ အခြေအနေ ပိုဆိုးသွားပြီး ရလဒ်တွေက သိပ်ပြီးအားရစရာမကောင်းခဲ့ပါဘူး။ မနှစ်ကဆိုရင် အန်ဖီးလ်မှာ ၇-၀ ဂိုးဆိုတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်တင်ဂိုးပြတ်ရလဒ်နဲ့ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ယူနိုက်တက်တို့ လီဗာပူးလ်နဲ့ ပြိုင်ပွဲစုံ ၂ ပွဲဆုံတွေ့ခဲ့တာမှာ ရှုံးပွဲမရှိဘဲ ၁ ပွဲနိုင်၊ ၁ ပွဲသရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပထမအကျော့ အန်ဖီးလ်ကွင်းမှာ ဂိုးမရှိသရေ၊ FA ဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်က အကြိတ်အနယ်ကစားပြီးတော့ လူငယ်လေး ဒီယာလိုရဲ့အဖိုးတန်ဂိုးကြောင့် ၄-၃ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆုံတွေ့မှုမှာ ယူနိုက်တက်က ၂ ပွဲသာနိုင်ပြီး လီဗာပူးလ်က ၄ ပွဲနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း ပြတ်ပြတ်သားသား အသာစီးရခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲ ဆုံတွေ့တဲ့မှတ်တမ်းအရ ယူနိုက်တက်က ၆ ပွဲနိုင်ပြီး ၂ ပွဲသာရှုံးခဲ့ပေမဲ့ အဲဒီ ၂ ပွဲမှာ ၄-၂ ဂိုး (၂၀၂၁ မေလ) ၊ ၅-၀ ဂိုး (၂၀၂၁ အောက်တိုဘာ)တွေနဲ့ ဂိုးပြတ်ရှုံးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အိုးလ်ထရက်ဖို့ဒ်မှာ စုစုပေါင်း ၈၈ ကြိမ် ဆုံတွေ့ခဲ့ကြပြီး ယူနိုက်တက်က ၄၂ ပွဲနိုင်၊ လီဗာပူးလ်က ၁၈ ပွဲနိုင်နဲ့ ၂၈ ပွဲ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းတွေ့ရင် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရလေ့ရှိသလို နောက်ဆုံး ၁၂ ကြိမ်အတွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမရှိသရေကျခဲ့တာက ၂၀၁၉ အောက်တိုဘာလ တစ်ကြိမ်သာရှိခဲ့ပါတယ်။ လီဗာပူးလ် နာမည်ကျော်တိုက်စစ်ကစားသမား ဆာလာက ယူနိုက်တက်နဲ့တွေ့ရင် ဂိုးမြူးလေ့ရှိသလို ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် လာမဲ့ပွဲကျရင်လည်း ဆာလာကို ယူနိုက်တက်ခံစစ်က ထိန်းချုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ FA ဖလားပွဲတုန်းကလည်း ဆာလာက ဂိုးသွင်းပြီး အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ဘက်ကို ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းအဓိက တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမဲ့ လီဗာပူးလ်ကိုတော့ အစဉ်အလာမပြတ် ဂိုးသွင်းလေ့ရှိပြီး ပြီးခဲ့တဲ့ FA ဖလားပွဲအပါအဝင် ၇ ဂိုးအထိ သွင်းယူခဲ့တဲ့အပြင် ပရီးမီးယားလိဂ် ကြီး ၆ ကြီးအသင်းထဲမှာ လီဗာပူးလ်အသင်းကို ဂိုးအများဆုံး သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီတစ်လျှောက် ဒဏ်ရာတွေနဲ့ ဆိုးဆိုးရွားရွား ရုန်းကန်နေရတဲ့ ယူနိုက်တက်ခံစစ်မှာ ဒဏ်ရာပြဿနာတွေရှိနေပြီး လင်ဒီလော့ဖ်၊ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ လီဗာပူးလ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ ဒဏ်ရာပြဿနာတချို့ရှိပေမဲ့ လူငယ်လေးတွေ ခြေစွမ်းပြနေတဲ့အပြင် တိုက်စစ်ပိုင်းမှာလည်း အဓိက,ကစားသမားတွေ ဒဏ်ရာပြဿနာ ကင်းစင်နေပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းက ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ် ၂၉ ပွဲကစား၊ ၄၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၉ မှတ်၊ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၁ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင်တော့ နည်းပြအဲရစ်တန်ဟက်ရဲ့ အနာဂတ်က အာမခံချက် မရှိနိုင်တော့ပါဘူး။ ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းအောင် ရုန်းကန်ရမှာဖြစ်ပြီး လီဗာပူးလ်ကလည်း ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့သာမက နည်းပြကြီးယာဂန်ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ ဆုဖလားအောင်မြင်မှု ရယူပေးဖို့ ကစားသမားတွေ ဆန္ဒပြင်းပြနေကြပါတယ်။ အဲဒါကြောင့် မျှော်လင့်ချက်ကိုယ်စီနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ တိုက်ပွဲဝင်ကြမဲ့ ယူနိုက်တက်-လီဗာပူးလ်ပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ 💥💥

Please Like & Follow For More Information 

𝐊𝟗 𝐖𝐢𝐧 𝐌𝐌 မှာဆို Online Gameပေါင်းများစွာကိုတစ်နေရာထဲမှာဆော့ကစားလို့ရမယ့် အပြင် ဘောလုံးပွဲများကိုလည်း မောင်း/ ဘော်ဒီ/ဂိုပေါင်းစိတ်ကြိုက်လောင်းလို့ရပြီး ၂၄နာရီ ပိတ်ရက်မရှိ ငွေသွင်းငွေထုတ်နိုင်ပါတယ် ။

Promotions တွေကို Member အသစ်ဟောင်း အားလုံးအတွက် အမြဲ ရှိတာမို့ ငွေသွင်း ၊ ငွေထုတ်တိုင်းမှာ အပိုဆုကြေးတွေ ရဦးမှာနော်

အခုပဲ 𝐊𝟗 𝐖𝐢𝐧 𝐌𝐌 မှာ အကောင့်ဖွင့်ပြီး ကစားဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော် 💕

📱 Viber Number : +959893244859

📱 Telegram : @k9winmm

🤩Viber Channel >>

https://invite.viber.com/…

🤩Telegram Channel >>

https://t.me/k9winmmr

🤩Youtube Channel Subscribe >>

https://www.youtube.com/@k9winmm

#K9WinMM