အားကစားသတင်းများ

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

blog image

September 19, 2024

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။


ညကချန်ပီယံလိဂ်ပွဲစဉ်မှာဆိုလဲ ပုံမှာပြထားတဲ့အတိုင်း လူပေးရင်ဂိုးရမဲ့အခွင့်ရေးကပိုများပေမဲ့ အဝေးကနေပဲလှမ်းကန်ဖို့ဆုံးဖြတ်ခဲ့ပြီး လှပတဲ့သွင်းဂိုး ( 1 ) ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂိုးမဝင်ခဲ့ရင်တော့သူ့အတွက်ကအခြေအနေမကောင်းမှာမဟုတ်ပဲ ဝေဖန်မှုတွေသေချာပေါက်ခံရမှာပါ။ အခုတော့ဒီအခြေအနေကနေကျော်လွှားပြီး ချီးကျူးမှုတွေကိုခံနေရပြီဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားမိတာက အန်းဒရစ်အနေနဲ့ မက်ဒရစ်မှာသူဘာလုပ်ပြနိုင်လဲဆိုတာ ချပြချင်နေတဲ့စိတ်တွေပြင်းပြနေတာဆိုတာ သိသာပါတယ်။ အခုချိန်ထိပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားခွင့်တစ်ခါမှမရသေးပေမဲ့လည်း ကစားခွင့်ရတဲ့ မိနစ်တိုင်းမှာအကောင်းဆုံးကြိုးစားနေပြီး သူလုပ်နိုင်တယ်ဆိုတာကို နည်းပြနဲ့ပရိတ်သတ်တွေသတိထားမိအောင်ကိုစွမ်းဆောင်ပြထားတာလည်းဖြစ်ပါတယ်။
အန်းဒရစ်အနေနဲ့ လက်ရှိအချိန်မှာတော့မက်ဒရစ်အတွက် ကစားခွင့်ရခဲ့တဲ့ ( 5 ) ပွဲမှာသွင်းဂိုး ( 2 ) ဂိုးထိသွင်းယူနိုင်ခဲ့ပါပြီ။ ( 1 ) ဂိုးက သူ့အတွက်လာလီဂါပွဲဦးထွက်သွင်းဂိုး နောက် ( 1 ) ဂိုးက ချန်ပီယံလိဂ်ပွဲဦးထွက်သွင်းဂိုးတွေဖြစ်ပါတယ်။ နောက်ပြီးဒီ ( 2 ) ဂိုးလုံးကလည်းကောက်စားအလုံးတွေမဟုတ်ပဲ လှပတဲ့အဝေးဘောကန်ချက်သွင်းဂိုးတွေပဲဖြစ်ပါတယ်။ တကယ်ကိုအထင်ကြီးစရာပါ မက်ဒရစ်လိုအသင်းကြီးတစ်သင်းအတွက် အသက် ( 18 ) နှစ်အရွယ်နဲ့ ကြယ်ပွင့်ကစားသမားတွေကြားထဲရှိန်မနေပဲကိုလုပ်ပြထားတာပါ။ ချီးကျူးဖို့ကောင်းတဲ့လူငယ်ကြယ်ပွင့်လေးပါ။ ⭐⚪

Related Sports News