အားကစားသတင်းများ

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

blog image

September 17, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။


ထူးခြားတာကတော့ ယခုနှစ်ပြိုင်ပွဲက အရင်နှစ်တွေကနဲ့မတူပဲ ပြိုင်ပွဲဝင်အရေအတွက်လည်းတိုးမြှင့်ထားပြီး အုပ်စုပွဲစဉ်တွေနေရာမှာ အမှတ်ပေးဇယားပုံစံဖြင့် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီပုံစံသစ်ကြောင့် ပြိုင်ပွဲဝင်အသင်းတစ်သင်းကို ပွဲစဉ် ( 8 ) ပွဲနှုန်းမဲခွဲရလဒ်အတိုင်း အိမ်ကွင်း ( 4 ) ပွဲ ၊ အဝေးကွင်း ( 4 ) ပွဲ စီယှဉ်ပြိုင်သွားရမှာတော့ဖြစ်ပါတယ်။ ဒါကြောင့် အသင်းတိုင်းက မတူညီတဲ့ပြိုင်ဘက် ( 8 ) သင်းနဲ့တွေဆုံရမှာဖြစ်ပြီး အရင်နှစ်တွေကထက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာမှာဖြစ်ပါတယ်။

အမှတ်ပေးဇယားသက်မှတ်ချက်မှာတော့ အဆင့် ( 1 ) ကနေ အဆင့် ( 8 ) ထိဝင်ရောက်နိုင်တဲ့အသင်းတွေက ( 16 ) သင်းအဆင့်ကိုတိုက်ရိုက် တက်ရောက်ခွင့်ရမှာဖြစ်ပြီး အဆင့် ( 9 ) မှ အဆင့် ( 24 ) သာဝင်ရောက်နိုင်တဲ့အသင်းတွေက PlayOff ပြန်ကန်ရမှာဖြစ်ပြီး အနိုင်ရတဲ့ ( 8 ) ကသာ ( 16 ) သင်းအဆင့်ကိုတက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ PlayOff မှာရှုံးတဲ့အသင်းတွေနဲ့ အဆင့် ( 24 ) အောက်အသင်းတွေကတော့ ဉရောပပွဲစဉ်တွေကို အပြီးတိုင်နှုတ်ဆက်ရမှာဖြစ်ပါတယ်။

ဆိုတော့ အားလုံးခြုံကြည့်ရရင် ဒီနှစ်မှာ UEFA Champions League ပွဲစဉ်တွေကိုအရင်နှစ်တွေကထက် ပိုပြီးပွဲစဉ်များများကြည့်ရမယ် ၊ မတူညီတဲ့ပြိုင်ပွဲပုံစံသစ်မှာ ဖျော်ဖြေမှုအသစ်တွေကိုမြင်တွေ့ရမယ် ၊ ပြိုင်ပွဲဝင်အသစ်တွေရဲ့ယှဉ်ပြိုင်မှုတွေ နဲ့ ဉရောပရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲပီပီ အကောင်းဆုံးယှဉ်ပြိုင်မှုတွေကိုမြင့်တွေ့သွားရတော့မှာဖြစ်ပါတယ်။

#K9WinSportsMedia
#uefachampionsleague 

See less

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024

သွင်းဂိုးပေါင်း 10,00 ဆိုတဲ့စံချိန်တစ်ခုကို ဂုတ်ကြီးတစ်ယောက်ထပ်ပြီးတင်နိုင်မှာလား ? 🐐🇵🇹 🎖️

August 9, 2024