နေ့စဥ် အားကစားသတင်းတို

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ရဲ့ 𝐔𝐅𝐂 ပွဲစဉ်ဒီနေ့ရှိတယ်နော် ❗ 🇲🇲 👊

blog image

July 14, 2024


ထိုးပွဲရတိုင်းပြိုင်ဘက်ဖိုက်တာတွေရဲ့အကြောင်းအမျိုးမျိုးကြောင့်ပွဲပျက်ပြီးထိုးခွင့်မရခဲ့ပဲပြိုင်ပွဲတွေနဲ့ဝေးကွာနေရတဲ့ ဂျိုရှူအာဗန် ဒီနေ့မှာထိုးသတ်တော့မှာဖြစ်ပါတယ်။
ပြိုင်ဘက်ဖိုက်တာက အမေရိကန်နိုင်ငံသား ချားလ်ဂျွန်ဆင် ဖြစ်ပါတယ်။အသက်က 33 နှစ်ဖြစ်ပြီး အရပ်က 5'9" ရှိပါတယ်။ ဗန်ထက်ကို 10 နှစ်ပိုကြီးပြီး အရပ်လည်း 4" ပိုရှည်ပါတယ်။ ဒီဖိုက် တာကို အလဲထိုးနဲ့ အနိုင်ယူနိုင်သူတွေလည်းတစ်ယောက်မှမထွက်ပေါ်လာသေးပါဘူး။ ဗန်ကလဲ လူငယ်ပီပီအနိုင်ရလိုစိတ်ပြင်းပြီး နောက်တစ်ဆင့်ကိုတက်လှမ်းခြင်နေတဲ့ဖိုက်တာတစ်ယောက်ဖြစ် ပါတယ်။ ဒီပွဲစဉ်က တကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်ဖြစ်လာမှာသေချာပါတယ်။

ဒီ 𝐔𝐅𝐂 𝐅𝐢𝐠𝐡𝐭 𝐍𝐢𝐠𝐡𝐭 ပြိုင်ပွဲကိုတော့ ယနေ့မနက် ⏰ မြန်မာစံတော်ချိန် ( 5 : 30 ) အချိန်မှာစတင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 👉 ဗန်ရဲ့ ပွဲစဉ်ကတော့ မြန်မာစံတော်ချိန်
⏰ ( 8 : 00 ) နာရီ
ဝန်းကျင်လောက်မှာကြည့်ရှုရဖို့ရှိပါတယ်။ 📺ကဲ. ကျွန်တော်တို့ရဲ့ ချင်းတိုင်းရင်းသားဖိုက်တာလေး ဂျိုရှူအာဗန် ကိုအားပေးလိုက်ရအောင်ဗျာ။ 💥💪👊 #K9WinSportsMedia
#ufc
#joshuavan
#charlesjhonson

Related Sports News