နေ့စဥ် အားကစားသတင်းတို

ဘီဖီကာအသင်းရဲ့ 19နှစ်အရွယ်ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ဂျာအိုနားဗက်

blog image

June 13, 2024

မန်ချက်စတာယူနိုင်တက်အသင်းကတော့ ဘီဖီကာအသင်းရဲ့ 19နှစ်အရွယ်ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ဂျာအိုနားဗက် ကို ယူရို 75 သန်း + အပိုဆုကြေး ယူရို 10 သန်း ဖြင့်ထပ်တိုးကမ်းလှမ်းမှုတွေ ပြုလုပ်လိုက်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်

--------------------------------------------------------------------------

ပထမတစ်ကြိမ်တုန်းက ယူရိုသန်း 60 ဆယ်ဖြင့်ကမ်းလှမ်းချက်ကို ဘင်ဖီကာအသင်းကပယ်ချခဲ့ပြီး ယခုအခါမှာ ထပ်တိုးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်
ဂျာအို နားဗက်ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း 120 ခန့်ရှိပြီး ဘင်ဖီကာအနေနဲ့ ယူရိုသန်း 100 လောက်ရရင်တော့လက်လွှတ်သွားဖွယ်ရှိတယ်လို့ ပေါတူဂီသတင်းအရင်းအဖြစ်တွေကဆိုထားပါတယ်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ ကွင်းလယ်လိုအပ်ချက်ကိုအဓိကလှုပ်ရှားနေပြီး ဂျာအိုနားဗက်ကိုအရခေါ်ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်
ဂျာအိုနားဗက် ကိုလက်ရှိအချိန်မှာ ယူနိုက်တက်တစ်သင်းထဲကပဲစိတ်ဝင်စားနေတာမဟုတ်ပဲ အာဆင်နယ်တို့၊ မန်စီးတီး တို့အပြင်အခြားဉရောပအသင်းကြီးတွေကပါချိတ်ဆက်နေတဲ့အတွက် ယူနိုင်တက်တို့အနေနဲ့ လက်မနှေးဖိုတော့လိုအပ်ပါလိမ့်မယ်
ဖင်ဘီကာတို့အတွက်ကတော့ စီးပွားရှာကောင်းတဲ့ကလပ်အသင်းဖြစ်တဲ့အတိုင်းလိုချင်တဲ့ဈေးရမှလက်လွှတ်သွားမယ်ပုံပေါ်နေပါတယ်

Related Sports News