အားကစားသတင်းများ

ဂျာမန်ရဲ့အကောင်းဆုံးထုတ်ကုန်တွေထဲကတစ်ခုဖြစ်လာဖို့ရှိနေတဲ့ ဝစ်ဇ်

blog image

June 8, 2024

ကစားသမားကောင်းတွေထွက်ပေါ်လေ့ရှိတဲ့ ဂျာမနီနိုင်ငံရဲ့အစဉ်အလာအတိုင်း ဖလော်ရီရန် ဝစ်ဇ် ဆိုတဲ့ကောင်လေးတစ်ယောက် ကမ္ဘာ့အဆင့်ခြေစွမ်းတွေနဲ့ဘောလုံးစင်မြင့်မှာထွက်ပေါ်လာတာကိုတွေ့ရပါတယ်

ဝစ်ဇ် ဟာ ဒီနှစ် ဘိုင်ယန်လေဗာကူဆင်အသင်းရဲ့သမိုင်းဝင်အောင်ပွဲ တွေမှာ အဓိကနေရာကနေပါဝင်ခဲ့ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်တွေပြသခဲ့တဲ့ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမားလေးတစ်ယောက် ဖြစ်ပါတယ်၊ အသက်အရွယ်အားဖြင့် 21 နှစ်သာရှိသေးပြီး တောက်ပတဲ့အနာဂတ်ကောင်းကိုပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်ပါ ။

ဝစ်ဇ် ဟာအခုမှပေါ်ထွက်လာတာတော့မဟုတ်ပါဘူး အသက် 17 နှစ်အရွယ်ထဲက လေဗာကူဆင်အသင်းအတွက်ပါဝင်ကစားပေးနေပြီးအသင်းရဲ့သမိုင်းမှာအသက်အငယ်ဆုံးပွဲထွက်ခွင့်ရတဲ့ကစားသမားအဖြစ်ပါစံချိန်တင်ထားတဲ့သူပါ၊အဲ့ဒီအချိန်ထဲက ဝစ်ဇ်ရဲ့ခြေစွမ်းဟာအဆင့်တစ်ခုမှာရှိနေခဲ့ပြီး မျှော်လင့်ချက်တွေထားခြင်းခံခဲ့ရတာပါ၊ အသင်းအတွက်လက်ရှိအချိန်ထိ ပွဲပေါင်း 109 ပွဲပါဝင်ကစားခဲ့ပြီး လူငယ်ကစားသမားတစ်ယောက်အနေနဲ့လည်း အခြားစံချိန်တွေတင်ထား ပါသေးတယ်၊

ဒါပေမဲ့ 2022 မေလအရောက်မှာတော့ သူ့ကစားသမားဘဝကိုဆုံးရှံးနိုင်လောက်တဲ့အထိ အကြီးမားဆုံးသော အဟန့်အတားကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်၊ကစားသမားတွေအတွက် အကြောက်ရဆုံး ဒဏ်ရာတစ်ခုဖြစ်တဲ့ ACL ဒဏ်ရာကိုအသက်ငယ်ငယ်နဲ့ခံစားလိုက် ရတာပါ၊ ဒီဒဏ်ရာကြောင့် ဝစ်ဇ်ဟာ တစ်ရာသီလုံးနီးပါးနားခဲ့ရပြီး ဘောလုံးပွဲတွေနဲ့ဝေးကွာခဲ့ရပါတယ်၊ ဒီလိုဒဏ်ရာမျိုးက ပြန်လည်သက်သာလာရင်တောင် ပုံမှန်ခြေစွမ်းပြန်ရဖို့ ခက်ခဲတာကြောင့် သူ့အပေါ်ထားခဲ့ကြတဲ့ မျော်လင့်ချက်တွေ ကုန်ဆုံးခဲ့ပြီလို့ အားလုံးကလည်းလက်ခံထားလိုက်ရတဲ့အထိပါ၊

ဒီလိုနဲ့ 2023 ဇန်နဝါရီ အ‌ရောက်မှာ ဝစ်ဇ်တစ်ယောက် ‌ဘောလုံးပြန်လည်ကစားနိုင်ခဲ့ပါတယ်၊ သူ့ရဲ့ဘဝကိုအရှံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့်ပဲအကောင်းဆုံးခြေစွမ်းတွေ ကိုပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပြီး အခုလို ကမ္ဘာ့အဆင့်ခြေစွမ်းတွေနဲ့ပြန်လည်ပေါ်ထွက်လာတာဖြစ်ပါတယ်။

နည်းပြ ဇာဗီအလွန်ဆို လက်အောက်မှာ အတောက်ပဆုံးစွမ်းဆောင်ရည်တွေပြသခဲ့ပြီး

ဒီရာသီအသင်းအတွက် 49 ပွဲပါဝင်ကစားကာ 18 ဂိုးသွင်းပြီး 19 ဂိုးအထိဖန်တီးပေးနိုင်ခဲ့ပါတယ် ၊ တိုက်စစ်မှာနေရာစုံကစားနိုင်ပြီး တစ်ဦးချင်းအဆုံးသတ်ကောင်းမွန်မှုတွေ အကွက်မြင်မြင်နဲ့ အသင်းသားတွေနဲ့ချိန်ဆက်မိမိကစားနိုင်မှုတွေက ဝစ်ဇ်ရဲ့အားသာချက်တွေဖြစ်ပါတယ်၊

လေဗာကူဆင်နှင့်အတူ ဘိုင်ယန်မြူးနစ်ရဲ့ အုပ်စိုးမှုကိုဒီနှစ်မှာအဆုံးသတ်ခဲ့ပြီးပြည်တွင်းဆုဖလား 2 လုံးထိရအောင်ယူနိုင်ခဲ့ပါတယ်၊ ယူရိုပါလိဂ်မှာ လည်းဖိုင်နယ်ထိရောက်အောင်တက်နိုင်ခဲ့ပါတယ်၊

ဒီလိုစွမ်းဆောင်ချက်တွေကြောင့် ဝစ်ဇ်ဟာ

– 2023/24 ဘောလုံးရာသီရဲ့အကောင်းဆုံးကစားသမားဆု

– 2023/24 ယူရိုပါလိဂ်အကောင်ဆုံးလူငယ်ကစားသမားဆု

စတဲ့ဆုတွေရယူနိုင်ခဲ့ပါတယ်။

အခုတော့ ယူရိုပြိုင်ပွဲဝင်မယ့် ဂျာမနီလက်ရွေးစင်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်၊

နိုင်ငံအသင်းအတွက်လည်း ဝစ်ဇ်က အဓိကနေရာကနေပါဝင်လာရဖို့ရှိနေပြီး မူအီဆာလာတို့နှင့်အတူ သူ့တို့ခေတ်တစ်ခေတ်ကို တည်‌ဆောက်နိုင်မဲ့ပုံပေါ်ပါတယ်၊ မတ်လက ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့‌ ခြေစမ်းပွဲစဉ်မှာဆို ဝါရင့် ကစားသမားတိုနီခရူးစ်ရဲ့ပေးပို့မှုကနေ အမြန်ဆုံးသွင်းဂိုးစာရင်းဝင်တဲ့ လှပတဲ့သွင်းဂိုးတစ်ဂိုး ကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်ပါတယ်၊ လက်ရှိခြေစွမ်းအရ ဝစ်ဇ်ဟာ ဂျာမန်တွေရဲ့အကောင်းဆုံး ထုတ်ကုန်တွေထဲကတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်၊ လာမဲ့ယူရို 2024ကတော့ ဂျာမန်ပရိတ်သတ်တွေအတွက် ရန်ခုန်စရာကောင်းနေမှာတော့အမှန်ပါပဲ ၊ နိုင်ငံအတွက်လည်း ဝစ်ဇ်တစ်ယောက်ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲစောင့်ကြည့်ချင်စတာကောင်းလို့နေခဲ့ပါတယ် ။

𝗞𝟵𝗪𝗶𝗻- 𝗦𝗽𝗼𝗿𝘁 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် တိုင်း အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို့

𝗞𝟵𝗪𝗶𝗻 – 𝗦𝗽𝗼𝗿𝘁 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

မိမိ တင်ဆက်စေလိုသော အားကစား အကြောင်းအရာ များကိုလည်း Messenger မှ အကြံပြုပေးပို့ နိုင်ပါပြီ ✅

𝗞𝟵𝗪𝗶𝗻 – 𝗦𝗽𝗼𝗿𝘁 𝗠𝗲𝗱𝗶𝗮 ကို အားပေးကြတဲ့ ပရိတ်သတ် တစ်ဦးတစ်ယောက်ဆီ တိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်

#K9WIN

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024