အားကစားသတင်းများ

ခေတ်စနစ်တွေရဲ့ ပြောင်းလဲလာမှုအောက်မှာကျရှုံးခန်းဝင်ခဲ့ရတဲ့အကောင်းဆုံးရွှေလက်ပိုင်ရှင်

blog image

July 26, 2024


ဒီကစားသမားကတော့ တစ်ချိန်ကအကောင်းဆုံးလက်စွမ်းတွေနဲ့ အိုးဒရပ်ဖို့ဒ်ရပ်ဝန်းမှာ အားပေးသံတွေညံခဲ့တဲ့ ရွှေလက်ပိုင်ရှင် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာ ပဲဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးပေါက်ဝမှာ  သူသာရှိရင်စိတ်ချရတယ်၊ ယူနိုက်တက်အတွက် သူဟာမရှိမဖြစ်ပဲ ၊ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးပါ စတဲ့ ချီးကျူးသံတွေ ၊ အားပေးသံတွေနဲ့ အမြင့်ဆုံးအဆင့်မှာ ရပ်တည်နိုင်ခဲ့သူပါ ။ ယူနိုက်တက်အသင်းအတွက် 12 နှစ်ကြာအောင် ပွဲပေါင်း 545 ပွဲထိကစားပေးခဲ့ပြီး ဆုဖလားတွေနဲ့  တစ်ဦးချင်းဆုတံဆိပ်တွေအပြင် စံချိန်ကောင်းများစွာကိုလည်းရရှိထားတဲ့ အသင်းရဲ့ဂန္တာဝင် ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။ ဒါပေမဲ့မျက်လှည့်ပြသလိုပဲ  အခုချိန်မှာတော့သူဟာ ဒီလိုချီးကျူးသံတွေ ရဲ့အဝေးတစ်နေရာမှာရောက်ရှိနေခဲ့ပါပြီ ။ တိုးတက်ပြောင်းလဲ လာတဲ့ခေတ်ရဲ့ ဘောလုံးနည်းစနစ်တွေအောက်မှာ လိုက်လျောညီထွေစွာ မလျှောက်လှမ်းနိုင်ခဲ့တဲ့နောက်သူ့ရဲ့ကစားသမားဘဝဟာ ကျရှုံးခန်းဝင်ခဲ့ရတာ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ ဂိုးသမားတွေအတွက်စိန်ခေါ်မှုတွေကအရင်ကထက်ပိုများလာပါတယ်၊ဂိုးသမားတစ်ဦးအနေနဲ့ ဂိုးဖမ်းတာအပြင် အသင်းရဲ့ကစားကွက်ထဲလိုက်ပါစီးမျှောဖို့ကို ပါတောင်းဆိုလာကြပါတယ်။ ဒါကြောင့် ဂိုးသမားတွေ အနေနဲ့ လက်စွမ်းကောင်းရုံနဲ့တင်မရတော့ပဲ ကစားကွက်ကိုစတင်တည်ဆောက်ရတာတွေ ၊ လိုအပ်ရင်လိုအပ်သလို ဘောလုံးကိုင်ထားတာ ၊ ဘောလုံးဖြန့်ဝေတာတွေကိုပါ ပိုပြီးတာဝန်ယူခဲ့ရပါတယ်။ ဒါကိုလည်း လက်ရှိမှာအသင်းတိုင်းလိုလိုကအသုံးပြုလာကြပြီး အသင်းအတွက် အောင်မြင်တဲ့ ကစားကွက် တွေကိုဖန်တီး လာနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် ဒီလိုစွမ်းဆောင်ရည်တွေ မပြသနိုင်တဲ့ ဂိုးသမားတွေက အသင်းရဲ့ကစားကွက်မှာအံမဝင်တော့ပဲ နောက်ဆုံးမှာ အသင်းကရောက်ချတာတွေ၊ အရံခုံရောက်သွားတာ တွေကို ပါကြုံတွေ့လာရပါတယ်။
အခုလက်ရှိ ဒီဂီယာကြုံတွေ့ခဲ့ရတာလည်းဒီတိုင်းပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဂိုးပေါက်ကာကွယ်မှုမှာ ထိပ်တန်းစွမ်းဆောင်ရည်ကောင်းတွေရှိပေမဲ့ ကစားကွက်တည်ဆောက်တာ၊ ဘောလုံးလက်ခံတဲ့နေရာတွေမှာ အားနည်းတာတွေက နည်းပြရဲ့ ကစားကွက်ကိုပုံဖော်တဲ့နေရာမှာလိုအပ်ချက်ဖြစ်စေခဲ့ပြီး အသင်းစွမ်းဆောင်ရည် ကိုထိခိုက်စေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယူနိုက်တက်အသင်းက သူတို့နည်းပြရဲ့နည်းစနစ်နဲ့ ကိုက်ညီမယ့်ဂိုးသမားကိုရှာတွေ့ခဲ့ချိန်မှာတော့ ဒီဂီယာဟာ အသင်းကမလိုအပ်တော့တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ရပါတော့တယ်။
ဒါတွေက အသင်းပေါ်နှစ်ပေါင်းများစွားပေးဆပ်လာခဲ့တဲ့ ဒီဂီယာအတွက်ကြည့်ရင်မတရာဘူးလို့ဆိုနိုင်ပေမဲ့ နည်းပြတွေအတွက်ကတော့ သူတို့ရဲ့ကစားကွက်နဲ့အံဝင်မယ့်သူကိုပဲ ဦးစားပေးအသုံးပြုကြတာက သဘာဝ ပဲဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးကိုလည်း ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ် အပြင် အခြားအသင်းတွေမှာလည်းမြင်တွေ့ခဲ့ရပြီးပြီဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကဖြစ်တဲ့ အတွက်လည်း ဒီလိုမျိုးအဖြစ်အပျက်တွေကလက်ခံရမှာပဲ ဖြစ်ပါတယ်။ဒီဂီယာအတွက်တော့ကံမကောင်းခဲ့ဘူးဆိုရမှာပါ...


#K9WinSportsMedia

#degea

#manchesterunited



 

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024