ဒေးဗစ်ဆေးဗား သည်ထက်မြတ်ပြီးကောင်းမွန်တဲ့ဘယ်ခြေတစ်ချောင်း ပိုင်ဆိုင်ထားတဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာအလွန်ကောင်းမွန်သော ပထမထိချက်တွေနဲ့အတူ ပြောင်မြောက်သောနည်းစနစ်ပိုင်းစွမ်းရည်တွေနဲ့ ဉာဏ်ရည်ထက်မြက် သောတိုက်စစ်လှုပ်ရှားမှုများစွာပိုင်ဆိုင်ထားပြီး တစ်ဖက်ခံစစ်ကိုပွင့်ထွက်အောင်လုပ်ဆောင်နိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အသင်းအတွက်အဓိကဂိုးဖန်တီးသူတစ်ယောက်အဖြစ် တာဝန်ယူနေရသော်လည်း ကိုယ်တိုင်ဂိုးများလည်းသွင်းယူနိုင်သူတစ်ယောက်ပါ။
ဆေးဗားရဲ့ ဘောလုံးအပေါ် စိတ်တည်ငြိမ်မှုအပြင်၊ ဖြတ်ကျော်မှု၊ ပွဲအခြေအနေကိုဖတ်နိုင်မှု နှင့် အသင်းရဲ့ကစားပုံကို ထိန်းချုပ်နိုင်မှုတို့ကြောင့် သူ့အားကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်လာစေခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ် ကစားသမားတစ်ဦးဖြစ်သလို သူ့မျိုးဆက်ရဲ့ အကြီးကျယ်ဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းရဲ့အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရသူဖြစ်ပါတယ်။
သူသည် စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီးကွင်းလယ်တိုက်စစ်အဖြစ်အဓိကကစားခဲ့ကာ ၊ တောင်ပံကစားသမား သို့မဟုတ် နောက်ချန်တိုက်စစ်မှူး အဖြစ်လည်း ကစားခဲ့ပါတယ်။ ဆေးလ်ဗားသည် သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ဗလင်စီယာတွင် 𝟐𝟎𝟎𝟒 ခုနှစ်မှ 𝟐𝟎𝟏𝟎 ခုနှစ်အထိ 𝟕 နှစ်ကြာကစားကာ 𝟐𝟎𝟎𝟖 ခုနှစ်တွင် ကိုပါဖလားကို ဆွတ်ခူးခဲ့သည်။ 𝟐𝟎𝟏𝟎 နွေရာသီတွင် မန်ချက်စတာစီးတီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ကလပ်အတွက် ပွဲပေါင်း 𝟒𝟎𝟎 ကျော် ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ်ဖလား 𝟒 ကြိမ်၊ အက်ဖ်အေဖလား 𝟐 ကြိမ်နှင့် လိဂ်ဖလား ၅ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။
သူသည် တစ်နှစ်တာအကောင်းဆုံး 𝐏𝐅𝐀 အသင်းတွင် 𝟑 ကြိမ်တိုင်တိုင်ချီးမြှင့်ခံခဲ့ရပြီး ပရီးမီးယားလိဂ်တွင် နိုင်ပွဲပေါင်း 𝟐𝟎𝟎 ပြည့်သည့် အသက်အငယ်ဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ မန်စီးတီးမှာ 𝟏𝟎 နှစ်တာကာလကိုဖြတ်သန်းပြီးနောက် 𝟐𝟎𝟐𝟎 ခုနှစ်တွင် သူ့ရဲ့ဒုတိယ ကိုပါဖလားကိုအနိုင်ရခဲ့သော ရီးရဲဆိုစီဒက်ဒ် နှင့်လာလီဂါသို့ပြန်လာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရီးရဲဆိုစီဒက်ဒ် နှင့် ရာသီကြိုလေ့ကျင့်မှုအတွင်း ကျောရိုးအရွတ် ဒဏ်ရာရရှိခဲ့ပြီး 𝟐𝟎𝟐𝟑 ၊ ဇူလိုင်လတွင်ကစားသမားဘဝမှအပြီးတိုင်းအနားယူခဲ့ပါတယ်။
ဆေးဗားသည် 𝟐𝟎𝟎𝟔 ခုနှစ်တွင် စီနီယာအသင်းအတွက် ပထမဆုံးပွဲထွက်ကစားချိန်မှ 𝟐𝟎𝟏𝟖 ခုနှစ်တွင် နိုင်ငံလက်ရွေးစင်အဖြစ်မှအနားယူသည့်အချိန်အထိ စပိန်နိုင်ငံကိုကိုယ်စားပြုခဲ့သည်။ သူသည် ဇာဗီ နှင့် အင်နီယေစတာ တို့နှင့်အတူ ကွင်းလယ်တွင်တွဲဖက်ကာ နိုင်ငံတကာပြိုင်ပွဲသုံးကြိမ်ဆက်တိုက် အောင်ပွဲများဖြစ်သည့် ယူအီးအက်ဖ်အေယူရို 𝟐𝟎𝟎𝟖 ၊ 𝟐𝟎𝟏𝟎 ဖီဖာကမ္ဘာ့ဖလား နှင့် ယူအီးအက်ဖ်အေ ယူရို 𝟐𝟎𝟏𝟐 တို့တွင်ပါဝင်ကစားခဲ့သည်။ သူဟာ လက်ရွေးစင်အသင်းအတွက် ပွဲ 𝟏𝟎𝟎 ပြည့်ခဲ့တဲ့ စပိန်ကစားသမား 𝟏𝟑 ယောက်ထဲက တစ်ဦးဖြစ်ပြီး စပိန်အသင်းအတွက် 𝟑𝟓 ဂိုး သွင်းယူပေးခဲ့ကာ သမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပဉ္စမမြောက် နေရာမှာရပ်တည်ခဲ့သလို ဂိုးဖန်တီးမှု 𝟐𝟗 ကြိမ်လည်း ပြုလုပ်ပေးခဲ့ပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးဖန်တီးမှု အများဆုံးဖြစ်ခဲ့သည်။
ဒေးဗစ်ဆေးဗား ကို အာဂူနီဂွင် ၊ ဂရန်းကာနာရီရာ ၊ ကာနယ်ရီကျွန်း တွင်မွေးဖွားပြီး ဗလင်စီယာ အားကစားကွင်းနှင့် အီဗာဆေးဗား တို့ရဲ့လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သည့် စည်ပင်ရဲ အရာရှိဟောင်း ဖာနန်ဒိုဂျီမီနက်ဇ် ရဲ့သားဖြစ်ပါတယ်။ သူ့ရဲ့ဖခင် ဖာနန်ဒိုသည် စပိန်လူမျိုးဖြစ်ပြီး မိခင် အီဗာသည် ဂျပန်နွယ်ဖွားဖြစ်ပါတယ်။
သူသည် ယူဒီဆန်ဖာနန်ဒို လူငယ်အသင်းတွင်ကစားသမားဘဝကိုစတင်ခဲ့ပြီး မူလက သူသည်တောင်ပံကစားသမားမဖြစ်လာမီတွင် ဂိုးသမားတစ်ဦးအဖြစ်ကစားခဲ့ပြီး ငယ်စဉ်က သူလေးစားအားကျရသူဖြစ်သော မိုက်ကယ်လောဒရပ် ကိုအတုယူကာဖြတ်သန်းခဲ့ပါတယ်။ အသက် 𝟏𝟒 နှစ်တွင် ဗလန်စီယာလူငယ်ကစားသမားဖြစ်လာရန် ကမ်းလှမ်းမှုကိုလက်ခံရရှိခဲ့ပြီး သူသည် ဗလင်စီယာ၏ လူငယ်ဖွဲ့စည်းမှုတွင် အသက် 𝟏𝟕 နှစ်အထိပူးပေါင်းခဲ့ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"