အားကစားသတင်းများ

အကောင်းဆုံးညာခြမ်းခံစစ်ကစား ဒန်နီ ကာဗာဂျယ်

blog image

July 26, 2024

🏆 လာလီဂါ ဖလား
🏆 စပိန်စူပါ ဖလား
🏆 ချန်ပီယံလိဂ် ဖလား
🏆 ယူရို 2024 ဖလား
🎖️ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး 11 ယောက်စာရင်းဝင်
🎖️ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး 11 ယောက်စာရင်းဝင်
🎖️ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆု
ဒါကတော့အသက် 32 နှစ်အရွယ်စပိန်နိုင်ငံသား ရီးရဲမက်ဒရစ်အသင်းရဲ့ညာနောက်ခံလူ ဒန်နီ ကာဗာဂျယ်ရဲ့ 2023/24 ဘောလုံးရာသီအတွင်းကလပ်နှင့်နိုင်ငံအသင်းတို့အတွက် ဆုဖလားတွေနဲ့ တစ်ဦးချင်းဆုတံဆိပ် အောင်မြင်မှုတွေဖြစ်ပါတယ်။ ဒီနှစ်ရဲ့တကယ့်ကိုအကောင်းဆုံးညာနောက်ခံလူတစ်ဦးပါ။ နိုင်လိုစိတ်အပြည့်ရှိပြီး တိုက်စစ်ခံစစ် ဟန်ချက်ညီစွာဖြင့် လိုအပ်ရင်လိုအပ်သလို သွင်းဂိုးတွေ၊ ဖန်တီးမှုတွေပါပြုလုပ်နိုင်တဲ့ အရည် အသွေးတွေပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ချန်ပီယံလိဂ်ဖိုင်နယ်မှာ မက်ဒရစ် အတွက်အဖွင့်ဂိုး ကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ချန်ပီယံဖြစ်စေခဲ့တဲ့အပြင် နိုင်ငံအတွက်လည်း ချန်ပီယံဖြစ်နိုင်အောင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဒီ 2023/24 ဘောလုံးရာသီအတွက် Ballon d’Or ဆု စကာတင်စာရင်းမှာ ပါဝင်လာခဲ့ပြီး ဒီဆုနဲ့ထိုက်တန် သူတွေထဲကတစ်ဦးအဖြစ်တောင်ထင်ကြေး ပေးခံ ထားရပါတယ်။
အခုချိန်မှာသူဟာ အကောင်းဆုံးညာခြမ်းခံစစ်ကစားသမားတစ်ဦးပါပဲ။ ဒဏ်ရာတွေသာမကြာခဏမရခဲ့ရင် ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းတဲ့ ကာဗာဂျယ်ကိုမြင်တွေ့ရမှာသေချာပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024