နေ့စဥ် အားကစားသတင်းတို

ကွင်းလယ်ကစားသမား ကီယာနမ် ဒူးစ်ဘာရီဟော ကိုခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းနှင့်သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ချဲယ်လ်ဆီး

blog image

June 30, 2024

ချဲယ်လ်ဆီးအသင်းသည် ကွင်းလယ်ကစားသမား ကီယာနမ် ဒူးစ်ဘာရီဟော ကိုခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းနှင့်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ပြောင်းရွှေ့ကြေးအဖြစ် လက်စတာစီးတီးအသင်းကိုပေါင်းသန်း 30 ပေးချေသွားမည်ဖြစ်ပြီး ကစားသမားကို 2030 ဇွန်လထိစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ချဲယ်လ်ဆီးအသင်းဟာ ဘရိုက်တန်ပေးချေတဲ့ပေါင်းသန်း 30 အတိုင်းပဲ လက်စတာစီးတီးအသင်းနဲ့သဘောတူညီမှုရခဲ့ပေမဲ့ စာချုပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်အသင်းရဲ့လူငယ်ကစားသမားဖြစ်သူ မီချယ်ဂိုးဒင်း ကိုလက်စတာစီးတီးအသင်းသို့ပြန်လည်လက်လွှတ်ပေးရမည်ဆိုသောသဘောတူညီမှုလည်းပါဝင်ခဲ့ပါတယ်။
ဒူးစ်ဘာရီဟော ဟာ ချဲယ်လ်ဆီးအသင်းမှာဆရာဟောင်းဖြစ်သူ အန်ဇိုမာရပ်စ်ကာ နှင့်ပြန်လည်လက်တွဲသွားရတော့မှာဖြစ်ပါတယ်။

Related Sports News