အားကစားသတင်းများ

ပင့်လက်တီးချက်နဲ့ ပွန်စီရီကိုကစားသမားဘဝကနေအနားယူချင်အောင်အဆုံးသတ်ပေးလိုက်တဲ့ သံမဏိစိုးလင်းဦး..👊

blog image

July 5, 2024

ပင့်လက်တီးချက်နဲ့ ပွန်စီရီကိုကစားသမားဘဝကနေအနားယူချင်အောင်အဆုံးသတ်ပေးလိုက်တဲ့ သံမဏိစိုးလင်းဦး..👊 💥



မြန်မာတွေအဲ့လောက်မညံ့ပါဘူး..အလွတ်ပေးထိုးလို့ကတော့ခေါင်းတောင်ကျန်မှာမဟုတ်ဘူးဆိုတာထိုင်းတွေသိသွားလောက်ပြီထင်ပါတယ် 😉ဒါတောင် ဒီပွဲမှာ ပွန်စီရီက 5 ပေါင်အသာနဲ့ထိုးသွားတာပါ။
စိုးလင်းဦးကတော့ အလဲထိုးအနိုင်ယူခဲ့ပြီး ဘောနပ်စ် ဘတ် 3 သိန်းခွဲနှင့် ONE Championship ရဲ့ ဒေါ်လာတစ်သိန်းတန်စာချုပ်ကိုပါထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်၊ မြန်မာ့လက်ဝှေ့သမားတွေထဲမှာ ပထမဦးဆုံးစာချုပ် ချုပ်ဆိုခံရတဲ့ကစားသမားဖြစ်ခဲ့ပြီး နောက်မျိုးဆက်တွေလည်းစိုးလင်းဦးလိုကြိုးစားချင်စိတ်တွေပေါ်ပေါက်လာမယ်လို့ယုံကြည်ပါတယ်။
ကဲ.. ONE မှာသံမဏိလူသားရဲပွဲတွေကိုထပ်မံမြင်တွေ့ရပါတော့မယ်ဗျာ ၊ နောက်ထပ်လည်းအောင်မြင်မှုတွေရယူနိုင်ပါစေ။ 🙏

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024