အားကစားသတင်းများ

ဈေးကွက်ထဲမှာခြေလှမ်းငြိမ်နေတဲ့ PSG ဘာတွေကြိတ်ကြံနေလဲ ?

blog image

July 21, 2024


အမ်ဘာပေကိုလက်လွှတ်ခဲ့ရတဲ့ PSG ၊ ဉရောပ အောင်မြင်မှုတွေကိုအရမ်းလိုချင်နေတဲ့ PSG လက်ရှိဈေးကွက်မှာ ဘာလို့ဒီလောက်ငြိမ်သက်နေရတာလဲ ? ဘာတွေကြိတ်ကြံနေတာလဲ ?
လက်တလောမှာ PSG ရဲ့အပြောင်းအရွှေ့သတင်းတွေထဲမှာ အဝင်ထက် အထွက်သတင်းတွေကိုပိုပြီးကြားနေရပါတယ်။ လူငယ်ကြယ်ပွင့်ကစားသမား ဇာဗီဆိုင်မွန်၊ ကွင်းလယ်ကစားသမား အူဂါတေတို့ရဲ့အရောင်းစာရင်းတွေအကြောင်းသာပိုပြီးသတင်းထွက်နေတာဖြစ်ပါတယ်။ အဝယ်စာရင်းမှာတော့ ကောလဟာသသတင်း ထွက်နေပေမဲ့ အမှန်တကယ်လှုပ်ရှားမှုးမျိုးကိုတော့ မတွေ့မြင်ရသေးပါဘူး။ အရင်နှစ်တွေကလို ဉရောပကြယ်ပွင့်ကစားသမားတွေကိုအခြားအသင်းကြီးတွေနဲ့အပြိုင်လိုက်နေတာမျိုးတွေလည်းတွေ့မြင်ရခြင်းမရှိသေးပါဘူး။အမှန်တကယ်ပဲ သူတို့အနေနဲ့လူဖြည့်စရာအရေးတကြီးမလိုအပ်တော့တာလား? ဈေးကွက်ထဲမှာစောင့်ကြည့်နေတုန်းပဲလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။
PSG အသင်းဆိုတာ အားလုံးသိကြတဲ့အတိုင်း ဉရောပရဲ့အင်းအားကြီးအသင်းတစ်သင်းဖြစ်ပါတယ်။ ပြည်တွင်းမှာအောင်မြင်မှုတွေအားလုံးကို အမြဲလိုလိုရယူနိုင်ခဲ့ပေမဲ့ ဉရောပမှာအောင်မြင်မှုကတော့ အခုချိန်ထိ 0 ဖြစ်နေတုန်းပါ။ နှစ်စဉ် ထိပ်တန်းကစားသမားတွေကို ပြောင်းရွှေ့ကြေးတွေအများကြီးသုံးပြီးဝယ်ယူတဲ့အပြင် နည်းပြတွေကိုလဲ ဉရောပမှာအောင်မြင်မှုမရယူနိုင်တာနဲ့ 1 နှစ် 2 နှစ်အတွင်းမှာပဲချက်ခြင်းဆိုသလို ပြောင်းလဲပြင်ဆင်နေတဲ့အသင်းပါ။ဒါကြောင့်မနှစ်ကလည်း ဉရောပမှာဘာအောင်မြင်မှုမှမရပဲ အလှမ်းဝေးနေဆဲသူတို့အနေနဲ့ဒီနှစ်ထဲ ဘာတွေများထပ်ပြီးပြင်ဆင်အုံးမလဲစိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ဒါပေမဲ့လည်းသူတို့အနေနဲ့ အဓိကတိုက်စစ်ကစားသမား အမ်ဘာပေ ထွက်ခွာသွားသည့်တိုင်အောင် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ငြိမ်သက်နေဆဲကို ဖြစ်လို့နေတာပါ။ ကစားသမားကောင်းတစ်ယောက်ဆုံးရှံးလိုက်ရတဲ့အတွက် အားလုံးက ဉရောပ ထိပ်တန်းကစားသမားတွေကို ပိုက်ဆံအလုံးအရင်းနဲ့ ပြန်လည်ဝယ်ယူတော့မယ်လို့ထင်ထားကြာတာပါ။ ဒါပေမဲ့လက်တွေ့မှာတော့ငြိမ်သက်ဆဲဖြစ်ပြီး ထူးခြားလို့နေတာပါ။
PSG အသင်းအနေနဲ့လက်ရှိမှာ ဂိုးသမားတစ်ဦးတော့ခေါ်ယူထားပြီးပါပြီ။ ဒါကလည်း ဂိုးသမားတွေပေါလွန်းတဲ့သူတို့အသင်းအတွက် ဒွန်နာရမ်မာ နောက်ဉီးစားပေးဂိုးသမားပါ။ဒါကအဓိ အားဖြည့်မှုမဟုတ်ပါဘူး။ အဲတော့သူတို့ဘာတွေလုပ်နေလဲပေါ့၊ လက်ရှိမှာတော့ ကောလဟာသ သတင်းအနေနဲ့သူတို့နဲ့အနီးစပ်ဆုံးသတင်းထွက်နေတဲ့ကစားသမားတွေတော့ရှိပါတယ် ဂျာအိုနားဗက် နဲ့ အိုဆင်ဟမ် တို့ပါ။ ဂျာအိုနားဗက်ဆို အသက် 19 နှစ်အရွယ်လူငယ်ကွင်းလယ်ကစားသမားလေးပါ စာချုပ်တန်ကြေးကလည်း သန်း 120 ထိရှိပါတယ် အားလုံးကလိုချင်နေကြပေမဲ့ ဒီလောက်ဈေးကိုမပေးချင်ကြပါဘူး။ နောက်ပြီးဒီကစားသမားလေးက ကစားသမားကောင်းတစ်ယောက်ဆိုတာ သက်သေပြဖို့အများကြီးကျန်သေးတဲ့ကစားသမားတစ်ဦးပါ ၊အသင့်သုံးလည်းမဟုတ်ပါဘူး၊ သူတို့အသင်းမှာလည်းဒီလိုကစားသမားမျိုးတွေကရှိပြီးသားဆိုတော့ ဒီလောက်ပြောင်းရွှေ့ကြေးသုံးပါ့မလားပေါ့။နောက်ထပ်တစ်ယောက် အိုဆင်ဟမ် ဆိုရင်တော့နီးစပ်မှူရှိပါတယ်။ ဒီကစားသမားက သက်သေပြပြီးသားဖြစ်လို့ အသင့်သုံးယုံပါ ခေါ်ယူမယ်ဆိုပြောင်းရွှေ့ကြေးတော်တော်များများပေးချေရဖို့တော့ရှိပါတယ်။ နောက်ပြီး ဒီနေရာအတွက် သူ့တို့မှာ မနှစ်ထဲကခေါ်ယူထားတဲ့တိုက်စစ်မှုးနှစ်ယောက်ဖြစ်တဲ့ မူရာနီ နဲ့ ရာမို့ တို့ရှိနေပြီးသားပါ ဆိုတော့ ဒီနေရာအတွက်ပြောင်းရွှေ့ကြေးအများကြီးပေးပြီးထပ်ခေါ်အုံးပါ့မလား။ နောက်ပြီးဒီအပြောင်းအရွှေ့တွေကလဲ အပေါ်ယံသာ သတင်းထွက်နေတဲ့အပြောင်းအရွှေ့တွေလည်းဖြစ်တယ်။
အဲ့တော့သူတို့ဘယ်သူ့ကိုခေါ်မှာလဲ သူတို့အတွက်အဓိက လိုအပ်နေတာက ဘယ်နေရာလဲ၊ ဘာတွေကြံနေကြလဲပေါ့? ဒါမှမဟုတ် တကယ့် Big Signing ကိုခေါ်ယူဖို့သေချာစောင့်ကြည့်နေကြတုန်းပဲလား ?
နည်းပြ အင်းနရစ်အနေနဲ့ကလည်း လက်ရှိတောင့်တင်းပြီးသားလူစာရင်းနဲ့ ပဲ အကောင်းဆုံးပြင်ဆင်ဖို့ကိုပဲကြိုးစားတော့မှာလား၊ အမ်ဘာပေနေရာအတွက်လည်း အစားထိုးခေါ်စရာမလိုအပ်တော့ဘူးလား။ တကယ်ကို PSG တို့ရဲ့ဒီနှစ်ခြေလှမ်းကတော့ အရင်နှစ်တွေကနဲ့မတူ ထူးခြားနေခဲ့တာကိုတွေ့ရပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024