အားကစားသတင်းများ

တူရကီမြေမှာ Special One ဆိုတဲ့ဂုဏ်ပုဒ်နဲ့အကောင်းဆုံးပြန်လာနိုင်မလား ?

blog image

July 30, 2024


ဒီနှစ်အပြောင်းအရွှေ့တွေထဲမှာ ဘောလုံးပရိတ်သတ်တွေရဲ့စိတ်ထဲကို တအံ့တဩ ဖြစ်စေခဲ့တဲ့အရာက နည်းပြကြီး ဟိုဆေးမော်ရင်ဟို ရဲ့တူရကီမြေကိုပြောင်းရွှေ့တော့မယ်ဆိုတဲ့ အကြောင်းအရာ လေးပဲဖြစ် နေလိမ့်မယ် ထင်ပါတယ်။ ဉရောပရဲ့အကောင်းဆုံးစာရင်းဝင်နည်းပြတစ်ဦးရဲ့ ထိပ်တန်းလိဂ်တွေ ကနေထွက်ခွာ လာခဲ့တဲ့အကြောင်းအရာက ဘောလုံးပရိတ်သတ်တွေကြားမှာလုံးဝကို ထူးဆန်းလို့နေခဲ့တာပါ။ သူ့လိုအောင်မြင် မှုတွေ အားလုံးရယူထားနိုင်ခဲ့တဲ့နည်းပြတစ်ယောက်အနေနဲ့ ဒီလို ဆုံးဖြတ်ခဲ့တဲ့အပေါ် ပရိတ်တွေကနားမလည် နိုင်ကြတာလည်းဖြစ်ပါတယ်။ အနည်းဆုံး တော့ ဆော်ဒီလိဂ် နဲ့ အခြားထိပ်တန်းလိဂ် တွေမှာပဲ ပြန်လည်မြင် တွေ့ရလို့မယ်ထင်ထားကြလို့ပါ။ အခုတော့ မော်ရင်ဟိုကတူရကီကလပ် ဖီနာဘာချီ အသင်းနှင့် 2 နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ ပြီး လာမယ့်ရာသီကစလို့ တူရကီမြေမှာ မြင်တွေ့ရပါတော့မယ်။
နည်းပြမော်ရင်ဟို ကို ကျွန်တော်တို့ဘောလုံးပရိတ်သတ်တွေစပြီးသတိထားမိခဲ့တဲ့အချိန်က ပေါ်တိုအသင်းနှင့် အတူ 2003/04 ချန်ပီယံလိဂ်ဖလားရယူပြခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ပေါ်တူဂီလိဂ်က အသင်းတစ်သင်းက အခြားဉရောပအသင်းကြီးများစွာကို နောက်ကောက်ချပြီး ဆုဖလားရရှိခဲ့တဲ့အချိန်ပါ။ အဲ့ဒီနောက်ပိုင်းကစပြီး မော်ကြီးကို ချယ်လ်ဆီး၊ အင်တာ၊ ရီးရဲ၊ မန်ယူ၊ စပါး၊ ရိုးမား စ
တဲ့အသင်းတွေမှာတောက်လျောက်အားပေးလာ ခဲ့ကြတာပဲဖြစ်ပါတယ်။
သူ့အတွက် special one ဆိုပြီးနာမည်ကြီးစေခဲ့တဲ့အချိန်တွေကတော့ ချယ်လ်ဆီး၊ အင်တာ၊ရီးရဲ ၊မန်ယူ စတဲ့အသင်းတွေဆိုပိုမှန်ပါလိမ့်မယ်။ အဲ့ဒီအသင်းတွေမှာရှိတုန်းက မော်ကြီးကတကယ်ကို အကောင်းဆုံးစွမ်းဆောင်ရည်တွေထုတ်ပြနိုင်ခဲ့ပြီး အဓိကဆုဖလားတွေအားလုံးကိုအကိုရယူနိုင်ခဲ့ပါတယ်။ မန်ယူကတော့ ခြွင်းချက်ပေါ့၊ ဒါပေမယ့်လည်းအသစ်တည်ဆောက်နေရတဲ့မန်ယူကို ယူ
ရိုပါလိဂ်နဲ့ EFL Cup တို့ကိုတော့ရယူပေးနိုင်ခဲ့ပါတယ်။ နောက်ပြီးမန်ယူအတွက် ပရီးမီးယားလိဂ်မှာ အဆင့် 2 ရယူပေးခဲ့တာက သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုလို့လည်းသူက မကြာခနထုတ်
ပြောလေ့ရှိပါတယ် (အဲ့ဒီအချိန်တုန်းက မန်ယူက တော်တော်လေးတိုင်ပတ်နေတဲ့အချိန်မို့လို့ပါ )။ ချယ်လ်ဆီးအတွက်ဆိုလည်း နှစ်ပေါင်း 50 ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုရအောင်
ပြန်ယူပေးခဲ့ပြီး အင်တာမှာဆိုရင်လည်း နှစ်ပေါင်း 45 နှစ် ကြာဝေးကွာနေတဲ့ ချိန်ပီယံလိဂ်ဖလား ကိုရအောင်ရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စပါး အရောက်မှာတော့ special one ကအကောင်းဆုံးအဆင့်မှာရှိသေးရဲ့လား ဆိုတဲ့မေးခွန်းထုတ်ခြင်းတွေ ခနခနခံလာခဲ့ရပြီး စပါးအသင်းနဲ့လည်းဖလားလက်မဲ့ရာသီတွေဖြတ်သန်းပြီး နောက် 1 နှစ်နဲ့ 7 လပဲနည်းပြလုပ်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းစပါးပြီးတော့ ရိုးမားရောက် ပြီးတော့အခု ဖီနာဘာချီအသင်းဆီရောက်လာပြီးတဖြည်းဖြည်းနဲ့ကိုင်တွယ်ခွင့်ရတဲ့အသင်းတွေက
အလည်အလတ်ဆိုတဲ့အဆင့်မှာပဲရှိလာခဲ့ပါတော့တယ်။ ဒါကြောင့်ပဲနည်းပြမော်ရင်ဟိုရဲ့ အရည်းအသွေး တွေကကျဆင်းလာပြီလားလို့တောင် အားလုံးကထင်မြင်လာကြတာဖြစ်ပါတယ်။

တူရကီလိဂ်ဆိုတာက ဉရောပထိပ်သီးလိဂ်ကိုပဲအားပေးနေကြတဲ့လူတွေအတွက်က ကစားသမားကောင်းတွေရဲ့အကောင်းဆုံးအချိန်ကျော်လွန်ပြီးမှကျင်လည်တဲ့နေရာ၊ လူငယ်ကစားသမားတွေ အလယ်လတ်တန်းကစားသမားတွေ ရဲ့အစပြုရာ နေရာဆိုပြီး လောက်ပဲလူသိကြတာဖြစ်ပါတယ်။ ဉရောပအဆင့်တက်ရောက်လာရင်လည်းအဖြည့်ခံအဆင့် အသင်းတွေအဖြစ်သာအမြဲတန်း မြင် တွေ့နေရတာကြောင့်လည်းဖြစ်ပါတယ်။ အမှန်တကယ်လည်း ဘောလုံးအရည်အသွေးတွေက ထိပ်သီးလိဂ်ကအသင်းတွေနဲ့ယှဉ်ရင်ကွာခြားလွန်းတာလည်းဖြစ်ပါတယ်။ အခုတော့မော်ရင်ဟို တူရကီ လိဂ်ကိုရောက်ရှိခဲ့ပါပြီ။ ဖီနာဘာချီဆိုတဲ့ တူရကီလိဂ်မှာပဲ အောင်မြင်မှုတွေရယူထားနိုင်တဲ့အသင်းကိုဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်လိဂ်ကိုပဲပြောင်းပြောင်း မော်ရင်ဟိုကမော်ရင်ဟိုပါပဲ အခုဆိုရင်မော်ရင်ဟို ရောက်ရှိလာမှုနဲ့အတူ ဖီနာဘာချီဆီကိုလည်း ကစားသမားကောင်းများစွာကပါ ရောက်ရှိလာခဲ့ကြပါပြီ ။ ဖီနာဘာချီအသင်းကလည်း မနှစ်ထဲကအသင်းကောင်း တစ်သင်းအဖြစ်ရပ်တည် ထားနိုင်ခဲ့တာကြောင့်နည်းပြမော်ရင်ဟိုအနေနဲ့ ဘာတွေထပ်ပြီးလုပ်ပြနိုင်မလဲစောင့်ကြည့်ရပါမယ် ။ သူ့အနေနဲ့ ဒီ လိုအသင်းမျိုးတွေနဲ့အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ အတွေ့အကြုံတွေလဲ ရှိတော့ ပြည်တွင်းမှာတင်မဟုတ်ပဲ ဉရောပမှာတောင်အောင်မြင်မှုတွေရယူပေးနိုင်မလားပေါ့။ သေချာတာတစ်ခု ကတော့မော်ရင်ဟို ရဲ့ special one ဆိုတဲ့ဂုဏ်ပုဒ်ကိုမေ့ထားလို့မရပါဘူး။ ဒါကလွယ်လွယ်နဲ့ရလာခဲ့တာလည်းမဟုတ်ပဲ ဆုတံဆိပ်တွေကြောင့်သာရလာတာဖြစ်ပါတယ်။ ဒါကြောင့်မော်ရင်ဟို အနေနဲ့ ဖီနာဘာချီအသင်းနဲ့အတူ Special One ဆိုတဲ့ဂုဏ်ပုဒ်နဲ့အကောင်းဆုံး ပြန်လာနိုင်မလား မျှော်လင့်ခြင်စရာဖြစ်ပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024