အားကစားသတင်းများ

Ballon'Or ဆုရရှိဖို့အမှန်တကယ်ကိုထိုက်တန်မှုရှိတဲ့ ရိုဒရီ

blog image

July 16, 2024


အားလုံးသိရှိထားကြတဲ့အတိုင်းပဲ ရိုဒရီက လက်ရှိအချိန်မှာကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးပါ။ ဒါကိုလည်းအားလုံးကလက်ခံထားကြပါတယ်။ အခုဆိုရင် ရိုဒရီဟာ စပိန်အသင်းနှင့် အတူယူရိုဖလားကိုရရှိခဲ့ပါပြီ။ ဒီလိုအောင်မြင်မှုရရှိခဲ့ပြီးတာနဲ့တစ်ပြိုင်နက် 2023/24 အတွက် Ballon D’or ဆုနေရာမှာပါဆုရရှိဖို့ရေပန်းစားလာခဲ့ပါတယ်။ ဒါကြောင့်ဒီလိုရေပန်းစားမှုအပေါ်အမှန်တကယ်ရောဒီဆုကို ရရှိဖို့အတွက်ထိုက်တန်မှုရှိရဲ့လား? ဗီနီစီးယက်၊ဘယ်လင်ဂမ်တို့ကိုကျော်ဖြတ်ပြီးရယူနိုင်ပါ့မလားမေးခွန်းတွေပါထွက်ရှိလာခဲ့ပါတယ်။ ဒါဆိုရင်ရိုဒရီရဲ့2023/24ဘော်လုံးရာသီအတွင်းကစွမ်းဆောင်ရည်တွေကိုလေ့လာကြည့်ရအောင်။
ရိုဒရီဟာ 2023/24 ဘောလုံးရာသီအတွင်းမှာ ပရီးမီးယာလိဂ်၊ UEFA စူပါကပ်၊ FIFA ကလပ်ကမ္ဘာ့ဖလား အပြင် ယူရို 2024 ဖလားတို့ကိုရရှိခဲ့ပါတယ်။ ဆိုတော့ချန်ပီယံလိဂ်မှလွဲပြီး ကလပ်နှင့်နိုင်ငံအတွက် အဓိကဆုဖလားတွေကိုရရှိထားတယ်လို့ပြောလို့ရပါတယ်။ ဒါဟာသူ့အတွက် မန်စီးတီးအသင်းနှင့်ဆုဖလား 3 လုံးရရှိခဲ့တဲ့နှစ်ပြီးရင် နောက်ထပ်အအောင်မြင်ဆုံးနှစ်တစ်နှစ်ပါပဲ။ နောက်ပြီး ဒီလိုဆုဖလားတွေအားလုံးရယူနိုင်ခဲ့တဲ့နေရာမှာလည်း ရိုဒရီကအဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး အသင်းရဲ့အနိမ့်အမြင့်အတက်အကျတိုင်းမှာ ရိုဒရီ ကအသင်းနှင့်အတူပါဝင်ကစားနိုင်တာ မပါဝင်နိုင်တာနဲ့တိုက်ရိုက်သက်ဆိုင်ခဲ့ပါတယ်။ ဒါကိုမနှစ်က ကစားခဲ့တဲ့မန်စီးတီးအသင်းရဲ့ပွဲစဉ်တွေကိုကြည့်ရင်သိနိုင်ပါတယ်။FAဖလားဖိုင်နယ်ပွဲမှာမန်ယူကိုရှုံးနိမ့်ခဲ့တာကလွဲရင် မိနစ် 90 အတွင်းရိုဒပါဝင်နိုင်တဲ့ပွဲတိုင်းမန်စီးတီးအသင်းတစ်ပွဲမှမရှုံးခဲ့ဖူးပါဘူး။ ရိုဒရီမပါရင်မန်စီးတီးကဘယ်လောက်ထိရုန်းကန်ရလဲဆိုတာ နည်းပြပတ်ဂွာဒီယိုလာကပြောရတဲ့အထိပါ။ အခုလည်းရိုဒရီပါဝင်တဲ့ စပိန်အသင်းက 7 ပွဲဆက်တိုက်အနိုင်ရလဒ်နဲ့ကို ယူရိုရရှိခဲ့တာပါ။ နောက်ပြီးဒီနှစ် တွေမှာရိုဒရို က ကလပ်အသင်းနှင့်နိုင်ငံအသင်းတို့အတွက် 12 ဂိုးသွင်း၊ 15 ဂိုးဖန်တီးနိုင်ခဲ့ပါတယ်၊ဒါတွေက ကွင်းလယ်အဖျက်နေရာမှာကစားတဲ့ ကစားသမားတစ်ယောက်ရဲ့စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။ ပွဲတိုင်းနီးပါအသင်းအတွက်ပါဝင်ခဲ့ပြီးအကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသခဲ့ပါတယ်။
ဒီနှစ်ယူရိုမှာရိုဒရီ ပြသထားခဲ့တဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရင်လည်းတကယ်ကိုကောင်းခဲ့ပါတယ်။ စပိန်အသင်းဆိုတာ ယူရိုပြိုင်ပွဲမစတင်ခင်တုန်းက ဘယ်သူကမှချန်ပီယံဖြစ်လာမဲ့အသင်းလို့မသက်မှတ်ခဲ့ကြပါဘူး။ ဒီနှစ်မှာမှပြိုင်ပွဲကြီးကိုပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့နည်းပြနှင့်အတူ လူငယ်ကစားသမားတွေ၊ အလယ်လတ်တန်းကစားသမားအများစုသာပါဝင်တဲ့အသင်းတစ်သင်းကို အထင်းမကြီးခဲ့ကြပါဘူး။ ဒါပေမဲ့ဒီယူရိုမှာစပိန်ပြသသွားခဲ့တဲ့ခြေစွမ်းက အဆင့်မြင့်ခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းဖြစ်ရပ်တည်ကာ ရှုံးပွဲမရှိ၊ သရေပွဲမရှိ ခဲ့ပဲ 7 ပွဲဆက်နိုင်ပွဲနဲ့ကိုဆုဖလားသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာစပိန်အသင်းကို အဓိကထိန်းကျောင်းပေးခဲ့တာက ရိုဒရီပါ။ အသင်းရဲ့ပွဲအရှိန်ကို ထိမ်းချုပ်ပြီး စပိန်ကွင်းလယ်ကို ဘယ်အသင်းမှမယှဉ်နိုင်အောင်ပုံဖော်ပေးခဲ့ပါတယ်။ ရိုဒရီကြောင့်ပဲ ရုဇ်တို ၊ အိုလ်မို တို့က ကစားပုံချောင်ခဲ့ကြပြီးပွဲအတွင်းကလပ်အသင်းတွေမှာတုန်းကထက်ကို ခြေစွမ်းပိုပြသခဲ့တာတွေ့မြင်ရမှာပါ။ နောက်ပြီး ယူရို 2024 ပြိုင်ပွဲရဲ့အကောင်းဆုံးဆုကိုလည်းရရှိခဲ့ပါတယ်။
ဒါကြောင့်ရိုဒရီရဲ့ စွမ်းဆောင်ရည်တွေနဲ့အောင်မြင်မှုတွေက Ballon'Or ဆုရရှိဖို့အတွက်အမှန်တကယ်ကိုထိုက်တန်မှုရှိပါတယ်။
တစ်ခုပဲပြောစရာရှိတာက ရိုဒရီကကွင်းလယ်အဖျက်ကစားသမားတစ်ဦးဖြစ်တဲ့အတွက် ဗီနီးစီးယက် ၊ဘယ်လင်ဂမ် တို့နဲ့ သွင်းဂိုးတွေ၊ ဂိုးပါဝင်ပက်သက်မှုတွေတော့မယှဉ်နိုင်ပါဘူး ။ ပွဲတစ်ပွဲအပေါ်အကျိုးသက်ရောက်မှုတွေပဲယှဉ်လို့ရနိုင်ပါမယ် ။ ဒီလိုပြောလို့ ဗီနီစီးယက် ၊ဘယ်လင်ဂမ် တို့ကမရသင့်ဘူးပြောနေတာမဟုတ်ပါဘူး တန်းတူအခွင့်အရေးရှိပြီးထိုက်တန်တယ်လို့ပြောတာဖြစ်ပါတယ်။နောက်ပြီး ရိုဒရီကမနှစ်က ဆုဖလား 3 လုံးရယူနိုင်တဲ့အချိန်မှာတောင် FIFA ရဲ့အကောင်းဆုံးကစားသမား 11 ဦးထဲပါဝင်လာခဲ့ခြင်းမရှိခဲ့တဲ့အမေ့ခံကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဒါတွေကတော့စဉ်းစားစရာတော့ဖြစ်တယ်၊ ဒါပေမယ့်လည်း ဒီနှစ်မှာရိုဒရီ ရဲ့စွမ်းဆောင်ခဲ့တဲ့အချက်အလက်တွေကိုကြည့်မယ်ဆိုရင်အမှန်တကယ်ကိုထိုက်မှုရှိတယ်ဆိုတာတော့ငြင်းပယ်လို့မရပါဘူး။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024