အားကစားသတင်းများ

သရဲနီတို့ရဲ့အတိတ်နေ့ရက်များထဲကသူရဲကောင်းတစ်ယောက်

blog image

July 31, 2024


စီရော်နယ်ဒိုကိုယ်ပွား ၊ လှပတဲ့နောက်ပြန်ဂျွမ်းပစ်ချက်တွေနဲ့ အောင်ပွဲခံလေ့ရှိတဲ့တစ်ချိန်က သရဲနီ တို့ရဲ့အကောင်းဆုံး တောင်ပံတိုက်စစ်မှူး ၊ ဒီနေ့မန်ချက်စတာယူနိုက်တက်မှာအလိုရှိနေတဲ့ ကစားပုံမျိုးပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက် ။ အလိမ်အခေါက်ပိုင်တယ်၊ လှည့်စားတတ်တယ်၊ အဝေးကန်ချက်ကောင်းတယ် ၊ ဖြတ်တင်ဘောကောင်းတယ် ဒါတွေက သူ့ရဲ့ကိုယ်ပိုင် အရည် အချင်း ။ပေါ်တူဂီက ရောက်လာပြီး အင်္ဂလန်မှာအောင်မြေနင်းနိုင်ခဲ့တဲ့အ ကောင်းဆုံးသူတွေထဲကတစ်ယောက်.. လူးဝစ်နာနီ ။
နာနီဟာ ငယ်စဉ်ထဲကမိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး မောင်နှမယ်တွေနဲ့အတူတူရုံးကန်ကာ လက်ရှိအခြေနေထိရောက်လာအောင်ကြိုးစားခဲ့တဲ့သူတစ်ယောက်ပါ ။ စပို့တင်လစ်ဘရွန်းမှာ စီနီယာ ကစားသမား ဘဝစတင်ပြီး ဖာဂူဆန်ရဲ့အရောင်တင်ပေးမှုနဲ့အတူမန်ချက်စတာမှာနာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။ လူးဝစ်နာနီကိုရုတ်တရက်ကြည့်လိုက်ရင် ရော်နယ်ဒိုနဲ့ အမြဲအထင်မှားမိတတ်
ကြပါတယ် ။ ရော်နယ်ဒိုနဲ့လဲကစားပုံဆင်ပြီး ယူနိုက်တက်အသင်းအတွက်ဆို ရော်နယ်ဒိုနီးပါးအရေးပါကာ အသင်းအတွက်ပေးဆပ်လိုစိတ်အပြည့်ရှိတဲ့သူပါ။ သူ့ရဲ့အဝေးကန်ချက်သွင်းဂိုးတွေ၊ ဒါ ဘီပွဲစဉ်မှာ ရွန်းနီရဲ့နောက်ပြန်ကန်ချက်ကို ဖန်တီးပေးခဲ့တဲ့ဖန်တီးမှုတွေက ယူနိုက်တက်ပရိတ်သတ်တွေအတွက်တစ်သက်မမေ့နိုင်စရာအခိုက်အတန့်တွေပါ။ အခုလိုလူဝယ်ရာသီရောက်တိုင်း လည်း ယူနိုက်တက်တို့ရဲ့ညာတောင်ပံနေရာမှာပြန်လည်မြင်တွေ့ချင်နေမိတဲ့ကစားသမားတစ်ယောက်လို့လည်းဆိုရပါမယ်။

ယူနိုက်တက်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးပီပီ ယူနိုက်တက်အသင်းပေါ်မှာလည်း သံယောဇဉ်ကြီးသူပါ။ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေကိုအားပေးနေဆဲဖြစ်ပြီး လက်ရှိအသင်းအပေါ်မှာ
လည်းအားမလိုအားမရဖြစ်နေတဲ့သူတစ်ယောက်ပါ။ဒီနေ့ မန်ချက်စတာယူနိုက်တက် ရဲ့ကစားသမားတွေအပေါ်မှာလည်း သူပြောနေကျစကားရှိပါတယ် " ကျွန်တော်တို့တုန်းကဆို မောပန်းနေချိန် မှာတောင်တိုက်စစ်ဆင်သလို နောက်ပြန်ဆင်းပြီး ဘောလုံးဖြတ်ထုတ်ပေး ဖို့လည်းဝန်မလေးဘူး၊ ဒီနေ့ ယူနိုက်တက်မှာဒီလိုမတွေ့ရဘူး ၊ နောက်ပြီးကျွန်တော်တို့ ဘောလုံးကိုင်လာရင် ပြိုင်ဘက်
အသင်းတိုင်းကကြောက်ကြတယ်။ "
နာနီဟာ ယူနိုက်တက်အသင်းအတွက် 8 ရာသီကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား 4 ကြိမ်၊ FA ဖလား 4 ကြိမ်၊ လိဂ်ဖလား 2 ကြိမ်၊ ချန်ပီယံလိဂ် 1 ကြိမ် နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား 1 ကြိမ်
တို့ကိုရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာအသက် 37 နှစ်အရွယ်ရောက်ရှိပြီဖြစ်ပေမယ့်လည်း ပရော်ဖယ်ရှင်နယ်ဘောလုံးသမားဘဝကို မစွန့်လွှတ်နိုင်သေးပဲ လျှောက်လှမ်းနေတုန်းပါ ။အခုတော့
တူရကီကလပ်နဲ့ စာချုပ်ဖြတ်သိမ်းခဲ့ပြီး Free Agent အဖြစ်ရှိနေသူပါ။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024