အားကစားသတင်းများ

လူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ Euro ဘယ်ကစတင်ခဲ့သလဲ?

blog image

July 8, 2024

လူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ Euro ဘယ်ကစတင်ခဲ့သလဲ?
.........................................................................................................

Euro ပြိုင်ပွဲဆိုတာ လူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲ ကစားသမားကောင်းတွေ အများဆုံးပါဝင်ယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲ World Cup ပြီးရင် အအောင်မြင်ဆုံး
အခမ်းနားဆုံးနဲ့ လူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်
ဆိုတော့ ဒီပြိုင်ပွဲဘယ်ကနေစတင်လာလည်း ဒီပြိုင်ပွဲက World Cup ပြီးနောက် ၂ နှစ်အကြာမှာစတင်တာဖြစ်ပြီး

World Cup လိုပဲ ပြိုင်ပွဲကို ၄နှစ်တစ်ကြိမ်ကျင်းပလေ့ိတဲ့ပွဲလည်းဖြစ်ပါတယ် ဒါကြောင့်နိုင်ငံအသင်းတေွအနေနဲ့ World Cup ပြီး၂နှစ်အကြာ Euro ကစားရပြီး Euro ပြီးနောက်၂နှစ်ကြာရင် World Cup ကစားကြရပါတယ် ဒါကြောင့် အသင်းတွေအနေနဲ့ ဒီပြိုင်ပွဲနှစ်ခုကို ၂နှစ်ခြားတစ်ကြိမ် ကစား နေကြရတာပါ ဒီလို ကစားဖို့ပဲ UEFA FIFA က စီစဉ်ထားခဲ့တာပါ
ဒီလိုဆိုရင် World Cup ကို အစောဆုံးနိုင်ငံတကာပြိုင်ပွဲလို့ထင်ရင်တော့မုတ်သေးပါဘူး World Cup ကို ၁၉၃၀ ခုနှစ် မှာစတင်ကျင်းပခဲ့ပြီး Euro ကိုတော့ ၁၉၆၀ မှာ စတင်ခဲ့တာပါဆို တော့ World Cup ထက်စောတဲ့ပြိုင်ပွဲရှိနေပါတယ်ဒါက Copa America ပြိုင်ပွဲပါ ဒီပြိုင်ပွဲက ၁၉၁၆ ခုနှစ်မှာစတင်ကျင်းပခဲ့ပြီး တောင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ ပါ ဒီလိုပဲ Euro ပြိုင်ပွဲ ကလည်း ဉရောပတိုက်ရှိ နိုင်ငံအသင်းတွေကပဲ ပါဝင်ယှဉ်ပြိုင်ကြရတာပါ ။

ပထမဆုံး Euro ပြိုင်ပွဲကို ၁၉၆၀ ပြင်သစ် မှာစတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းအနေနဲ့ ၄ သင်းနဲ့စတင်ခဲ့တာပါ
ဆိုဗီရပ်ယူနီယမ် ၊ ယူကိုဆလားဗီးယား ၊ ချက်ကိုဆလိုဗက်ကီးယား ၊ ပြင်သစ်တို့နဲ့ စတင်ခဲ့ပြီး ၄သင်းပတ်လည်အဖြစ်ကစားခဲ့ကြတာပါ ဒီပြိုင်ပွဲက ၅ ရက်သာကြာမြင့်ခဲံပြီး ဒီပြိုင်ပွဲမှာ ဆိုဗီရပ် ယူနီယံ က Champion ဖြစ်ခဲ့ပါတယ်
၁၉၆၄ မှာစပိန်က ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စပိန်တို့ Champion ဖြစ်ခဲ့ပါတယ်
၁၉၆၈ ခုနှစ်မှာ အီတလီတို့ ပါဝင်ယှဉ််ပြိုင်ခဲ့ပြီး အိမ်ရှင်အဖြစ်နဲ့လည်း အီတလီတို့ကသာလက်ခံကျင်းပခဲ့ပြီး Champion အဖြစ်လည်းအီတလီတို့က သာတစ်ဆုခူးနိုင်ခဲ့ကြတာပါ
ဒါကထူးထူးခြားခြား အိမ်ရှင်နိုင်ငံက နှစ်နှစ်ဆက် ဗိုလ်ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်
ဒီလို နဲ့ ၁၉၇၂ ခုနှစ်မှာ ဘယ်ဂျီယံနဲ့ ဂျာမနီတို့ ဝင်ရောက်ယှဉ််ပြိုင်လာကြီး ပြီးအိမ်ရှင်အဖြစ်နဲ့ ဘယ်ဂျီယံ က လက်ခံကျင်းပခဲ့ပါတယ် အဲ့အချိန်မှာ ဂျာမနီက အရှေ့ဂျာမနီ နဲ့ အနောက် ဂျာမနီဆို
ပြီး နှစ်ခြမ်းကွဲနေခဲ့တာပါ
ဒီတစ်ကြိမ်မှာလည်း အနောက်ဂျာမနီက ဗိုလ်ဆွဲသွားပါတယ်

နောက်တစ်ကြိမ် ၁၉၇၆ မှာတော့ ယူကိုဆလားဗီးယားက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး Final မှာ ဂျာမနီနဲ့ ချက်ကိုဆလိုဗက်ကီယား နဲ့ ရင်ဆိုင်ခဲ့ရပြီး ချက်ကိုဆလိုဗက်က်ကီးယားက ဗိုလ်
ဆွဲသွားခဲ့ပါတယ်
ဆိုတော့ ဒီလိုနဲ့ကျင်းပလာခဲ့တာ ဒီ ၂၀၂၄ Euro ပြိုင်ပွဲထိကိုရောက်ရှိလာခဲ့ပါပြီ ဒီနှစ်မှာဆိုရင် Euro ပြိုင်ပွဲကြီး ကျင်းပလာတာ ဒီနှစ်နဲ့ဆို ၆၄ နှစ်ထိရှိှိပါပြီ ဒီနှစ် Euro ကလည်း မကြာခင် ဗိုလ်လုပွဲကို ရောက်ရှိတော့မှာဖြစ်ပြီး ဘယ်အသင်းကဗိုလ်ဆွဲသွားမလည်း ဘယ်အသင်းက အကာင်းဆုံးအသင်းလို့ထင်လည်း ကွန်းမန့်မှာ ဆွေးနွေးပေးသွားကြပါဉီးနော် ။။။❤️❤️❤️ #K9winsportmedia
#euro

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024