နေ့စဥ် အားကစားသတင်းတို

ဇာတ်ရှိန်မြင့်တက်နေတဲ့ ကွင်းလယ်လူ အူဂါတေနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့အပြောင်းအရွှေ့သတင်း

blog image

August 17, 2024

ဇာတ်ရှိန်မြင့်တက်နေတဲ့ ကွင်းလယ်လူ အူဂါတေနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့အပြောင်းအရွှေ့သတင်း

----------------------------------------------------------------------------------------------------
PSG အသင်းရဲ့ကွင်းလယ်ကစားသမား အူဂါတေ ဟာဒီနှစ်အပြောင်းအရွှေ့ဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက် တက်အသင်းရဲ့ အဓိကပစ်မှတ်ထားချိတ်ဆက်ခြင်းခံနေရတဲ့ တစ်ဦးတည်းသောကွင်းလယ်ကစားသမားဖြစ် ပါတယ်။ ဒီနှစ်ထဲမှာအပြောင်းအလဲတွေများစွာပြုလုပ်ထားတဲ့ ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေကို ခေါ်ယူထားတဲ့အပြင် နောက်ထပ်လည်း သူတို့ရဲ့ကွင်းလယ်ပိုင်းအတွက် ပြင်ဆင်မှုပြုလုပ်ချင်နေသေးပြီး PSG အသင်းရဲ့ကွင်းလယ်ကစားသမား အူဂါတေ ကိုချိတ်ဆက်နေတာဖြစ်ပါတယ်။
ကစားသမားအနေနဲ့ကလည်း ပြီးခဲ့တဲ့ဇူလိုင်လထဲက ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ဖို့အတွက်သဘော တူထားပြီး လက်ရှိအပြောင်းအရွှေ့ထဲမှာ PSG အသင်းကနေထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် PSG အသင်းကို သူ့ရဲ့သဘာထားကိုပြောကြားထားပြီး ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ ဖို့အတွက်ဖိအားပေးနေတာ ဖြစ်ပါတယ်။
PSG အတွက်ဆိုလည်း အူဂါတေ နေရာမှာ လူငယ်ကြယ်ပွင့်ကစားသမားလေး ဂျာအိုနားဗက်စ်ကို အစားထိုးခေါ်ယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် အူဂါတေကိုပြန်လည်ရောင်ထုတ်ချင်နေပြီး ဒီကစားသမားအတွက်ကမ်းလှမ်းမှုတွေ ကိုလမ်းဖွင့်ပေးထားတာပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ PSG အသင်းကသူတို့သက်မှတ်ထားတဲ့ခေါ်ဈေး ပေးမှရောင်းချချင်တာလည်းဖြစ်ပါတယ်။ အဲ့ဒီတော့ PSG တောင်းတဲ့ဈေးပေးတာနဲ့အပြောင်းအရွှေ့ကမြန်မြန် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
လက်ရှိမှာဒီအပြောင်းအရွေ့ကြန့်ကြာနေတာကလည်း အဲ့ဒီ PSG တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးကို ယူနိုက်တက် ဘက်က များတယ်ဆိုပြီးမပေးချင်နေတာကြောင့်ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က အူဂါတေ အတွက် ပြောင်းရွှေ့ကြေးများလို့ဆိုပြီး ဒီအပြောင်းအရွှေ့ကနေ နောက်ဆုတ်ပြီလို့တောင်သတင်း တွေတက်ခဲ့ ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ သူတို့ရဲ့ပစ်မှတ် အူဂါတေဆီပဲ ပြန်ရောက်လာပြီး PSG နဲ့ဆက်လက် ဆွေးနွေးနေပြန်ပါတယ်။
လက်ရှိမှာထွက်ပေါ်လာတဲ့သတင်းတွေအရတော့ လီဂူးဝမ်းအဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကစားသွားမဲ့ PSG အသင်းလူစာရင်း ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား အူဂါတေ တစ်ယောက် ပါဝင်လာခဲ့ခြင်းမရှိပဲ PSG နည်းပြလူးဝစ်အင်းနရစ်ကိုယ်တိုင်လူစာရင်းကနေချန်လှပ်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ပြီး ကစားသမားရဲ့အေးဂျင့်‌ ဂျော့မန်ဒက် ကလည်း အင်္ဂလန်ကိုရောက်နေပြီးဒီအပြောင်းအရွှေ့ ဖြစ်ပေါ် ဖို့အတွက် ကြိုးစားလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း ဒီအပြောင်းအရွှေ့ မြန်မြန်ဖြစ်ပေါ်ဖို့အတွက် အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးကို အမြန်ရောင်းထုတ်ဖို့ လုပ်ဆောင်နေပြီး PSG အသင်းနဲ့ဆက်တိုက်ဆွေးနွေးနေပါတယ်။
ဒါကြောင့်ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်ဖို့အတွက်အခြေအနေကောင်းနေပြီး လက်ရှိအပြောင်းအရွှေ့ရာသီမပိတ်ခင်မြင်တွေ့သွားရဖို့ရှိနေပါတယ်။ 🔴


#K9WinSportsMedia
#manchesterunited
#manuelugarte

Related Sports News