အားကစားသတင်းများ

ကမ္ဘာ့အိုလံပစ်အားကစားပွဲတော် ◯‍◯‍◯‍◯‍◯

blog image

July 23, 2024

ကမ္ဘာ့အိုလံပစ်အားကစားပွဲတော် ◯

--------------------------------------------
အိုလံပစ်အားကစားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့အတွေးထဲမှာအရင်ဦးဆုံးပေါ်လာတာက ရောင်စုံအဝိုင်းကြီး 5 ဝိုင်းပါ လိုဂိုပုံတစ်ခုနဲ့ အားကစားပြိုင်ပွဲဆိုပြီးတော့ပါ။ အပြာ၊ အဝါ၊ အနက်၊ အစိမ်း၊ အနီ စတဲ့အရောင်တွေပါ အဝိုင်းကြီး 5 ဝိုင်းတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့ပုံဖြစ်ပါတယ်။ ဟုတ်ပါတယ် ဒါက အိုလံပစ်ပြိုင်ပွဲ ရဲ့လိုဂိုပုံဖြစ်ပါတယ်။အဝိုင်းကြီး 5 ဝိုင်းကကမ္ဘာ့တိုက်ကြီး 5 တိုက်ကိုကိုယ်စားပြုပြီး တစ်ဝိုင်းနဲ့ တစ်ဝိုင်း ချိတ်ဆက်နေခြင်းကတော့စည်းလုံးညီညွတ်ခြင်းကိုဖော်ဆောင်ပါတယ်၊ အရောင်တွေကတော့ဒီတိုက်ကြီး 5 တိုက်မှာရှိတဲ့နိုင်ငံတွေရဲ့ အလံအရောင် တစ်ခုမဟုတ် တစ်ခု ပါဝင်နေခြင်း ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက အားကစား နည်းမျိုးစုံ ၊ အားကစားသမားတွေများစွာက လာရောက်ယှဉ်ပြိုင်နေ ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံအခြင်းခြင်း ပိုမိုရင်းနှီး လာစေရန်နှင့် နိုင်ငံအသီးသီးမှာရှိတဲ့ ကိုယ်လက် သန်မာကြံ့ခိုင်သူအားကစားသမားအများ အပြားပေါ်ထွက်လာ ရေးတို့ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဟာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း 2,700 ခန့်က ဂရိနိုင်ငံ အိုလံပီယာမြို့မှာ ဂရိလူမျိုးတို့ရဲ့ 4 နှစ် 1 ကြိမ် ကျင်းပလာတဲ့အားကစားပြိုင်ပွဲကနေစတင်ဆင်းသက်လာတာဖြစ်ပါတယ်။ ဂရိလူမျိုးတို့ရဲ့ ရိုးရာနတ်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပခြင်းကနေစတင်ပြီး တဖြည်းဖြည်းနိုင်ငံအနှံကျယ်ပြန့်လာတာဖြစ်ပါတယ်။ ဒါပေမဲ့အကြောင်းအမျိုးမျိုးတို့ကြောင့် ကြားထဲမှာ နှစ်ပေါင်း 1,500 ခန့်လောက်တိမ်မြုပ်သွားခဲ့ပြီး ပြင်သစ်အမျိုးသား ဗဲရွန်ပီယဲဒါကူဖာတင် ရဲ့ဦးဆောင်မှုကြောင့် 1896 မှစတင်ကာ ခေတ်သစ်အိုလံပစ်ဆိုပြီး ပြန်လည်ပေါက်ဖွားလာတာဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာပဲနိုင်ငံပေါင်း 14 နိုင်ငံမှ ကစားသမား 200 ဦးဖြင့်စည်ကားစွာပြန်လည်ကျင်းပခဲ့ပါတယ်။ အဲ့ဒီနောက် 1994 ကနေစတင်ပြီး 4 နှစ် 1 ကြိမ်ကျင်းပလာ ခဲ့တဲ့ဒီပြိုင်ပွဲကြီးဟာ 2 နှစ် 1 ကြိမ်ပြောင်းလဲကျင်းပခဲ့ပြီး နွေရာသီနှင့်ဆောင်းရာသီ ဆိုကာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အခုဆို 2024 ရဲ့ 33 ကြိမ်မြောက်ခေတ်သစ်နွေရာသီ အိုလံပစ်အားကစားပွဲတော်ကြီး ကိုပြင်သစ်နိုင်ငံမှာ လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။
နောက်ပြီးဒီအိုလံပစ်ပြိုင်ပွဲကြီးရဲ့ မီးရှူးတိုင်ကြီးကိုလည်းအထင်ကရအဖြစ်အားလုံးကသိရှိကြမှာပါ၊ အိုလံပစ်ပြိုင်ပွဲရဲ့ အဓိကအထိမ်းအမှတ်မီးရှူးတိုင်းကြီးလည်းဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲကျင်းပ တဲ့နိုင်ငံတိုင်းဟာ ဒီပြိုင်ပွဲကြီးကို စတင်ခဲ့တဲ့ဂရိနိုင်ငံ အိုလံပီယာတောင်ကုန်းရှိ အဆတ်မပြတ် တောက်လောင်နေသော မီးတောက်မှတစ်ဆင့် မီးရှူးတိုင်ဆီ ကူးယူပြီးပြိုင်ပွဲကျင်းပရာနိုင်ငံတွေ ဆီသယ်ဆောင်ကာအိုလံပစ်မီးရှူးတိုင်ကိုထွန်းညှိကြတာဖြစ်ပါတယ်။ဒါ့အပြင့်ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာလည်း ဒီမိးတောင့်မငြိမ်းသက်ရအောင်ကိုလည်း သေချာဂရုပြုထိမ်းသိမ်းထားရတာပါတယ်။အခုဆိုရင် ဒီမီးရှူးတိုင်ကြီး ကိုပြိုင်ပွဲကျင်းပမဲ့ ပြင်သစ်နိုင်ငံက နိုင်ငံအနှံ့အပြားက မြိုပေါင်း 400 ကျော်ကိုဖြတ်သန်းကာ မြို့တော် ပါရီမြို့ဆီ သယ်ဆောင် လာနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲစတင်မဲ့နေ့မှာ ဒီမီးရှူးတိုင်ဟာ ပြိုင်ပွဲကျင်းပ မဲ့အိုလံပစ်ကွင်းထဲမှာ စတင် တောက်လောင်နေမှာဖြစ်ပါ တယ်။
ဒီနှစ်ပြင်သစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ ကမ္ဘာ့အားကစားနည်းပေါင်း 32 မျိုးဖြင့် ပြိုင်ပွဲအမျိုးအစားပေါင်း 309 ခုပါဝင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားမောင်မယ်ပေါင်း 10,500 ကပါဝင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ဘောလုံးအားကစားလည်းအပါအဝင်ဖြစ်ပြီး ယူ 23 အမျိုးသားပြိုင်ပွဲ နှင့် ယူ 23 အမျိုးသမီးပြိုင်ပွဲဆိုပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲကိုတော့ အိုလံပစ်ဖွင့်ပွဲမတိုင်ခင် ဇူလိုက်လ 24 ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကိုတော့ ဇူလိုင်လ 25 ရက်နေ့မှာစတင် ယှဉ်ပြိုင်သွားမှာပါ ။ ဒီနှစ် 2024 ရဲ့နွေရာသီပြင်သစ်အိုလံပစ်အားကစားပွဲတော်ကြီးကိုတော့ လာမဲ့ 26 ရက်ကနေစတင်ပြီးကျင်းပသွားတော့မှာဖြစ်ပါတယ်။



Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024