အားကစားသတင်းများ

ဉရောပဘုရင်ကြီးဆီမှာ အသုံးတော်ခံတော့မယ့် ဘရာဇီးကြယ်ပွင့်လေး အန်းဒရစ် 🇧🇷

blog image

July 22, 2024


ဒီကစားသမားလေးကို အားလုံးသိရှိပြီးသားဖြစ်မှာပါ။ ဉရောပ ဘောလုံးရပ်ဝန်းမှာ ဘာစီလိုနာအသင်းက ရာမယ်လေးမတိုင်ခင်အသက် 16 နှစ်အရွယ်နဲ့ပေါ်ထွန်းလာခဲ့တဲ့လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။အသက် အရွယ်နဲ့မလိုက်တဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့်ဉရောပအသင်းကြီးများစွာရဲ့ကမ်းလှမ်းခြင်းတွေခံခဲ့ရပြီးအသက် 16 နှစ်အရွယ်မှာတင်ရီးရဲမက်ဒရစ်ကိုပြောင်းရွှေ့ဖို့သတောတူညီမှုရရှိခဲ့သူပါ။လူငယ်ကစားသမားတွေအတွက်စည်း မျဉ်းအချို့ကြောင့်သူအနေနဲ့အစောပိုင်းမှာမက်ဒရစ်နှင့်ပူးပေါင်းခွင့်မရခဲ့ပေမယ့်အခုတော့အသက် 18 နှစ်အရွယ်ရောက်ရှိပြီဖြစ်လို့ဒီကစားသမားလေးဟာရီးရဲမက်ဒရစ်အသင်းအတွက်ပါဝင်ကစားပေးဖို့အဆင်သင့်ဖြစ်လို့နေခဲ့ပါပြီ။
အထောင်တိုက်စစ်နေရာမှာ ကစားပြီး ဘယ်ခြေအားသန်တဲ့ဒီကစားသမားလေးဟာ အသက်အရွယ်အားဖြင့် 18 နှစ်သာရှိသေးပေမဲ့ ပွဲအတွေအကြုံနဲ့ သွင်းဂိုးတွေကို ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနှင့်ပါ အတိုင်းအတာတစ်ခုအထိရရှိထားခဲ့ပြီးပါပြီ။ ပါးမီးယက် အသင်းအတွက် ပွဲပေါင်း 82 ပွဲကစားကာ 21 ဂိုးသွင်းယူခဲ့ပြီး နိုင်ငံလက်ရွေးစင်ဘရာဇီးအသင်းအတွက်လည်း 10 ပွဲကစားကာ 3 ဂိုးသွင်းယူခဲ့ကာနှစ်ပေါင်း 30 အတွင်းဘရာဇီးလက်ရွေးစင်အသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ်ပါစံချိန်တင်ထားခဲ့တာနိုင်ခဲ့ပါတယ်။ဘောလုံးသမားကောင်းတွေပေါက်ဖွားရာ ရေခံမြေခံကောင်းတဲ့ ဘရာဇီးသားကြယ်ပွင့်လေးဖြစ်လို့ အရည်းအသွေးပိုင်းနဲ့ပက်သက်ပြီးအထူးတလည်ပြောစရာတော့မလိုပါဘူး။ဘရာဇီးရဲ့နာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒို ၊ ပီလီ ၊ ရီမာရီယို တို့နဲ့တောင်ခိုင်းနှုန်းခြင်း ခံထားရသူပါ။ နောက်ပြီးမိသားစုကဆင်းရဲလို့ ဘဝနာခဲ့ရတဲ့ ကစားသမားလေးပီပီ စိတ်ဓာတ်နဲ့ခံယူချက်ကောင်းပြီး ထူးထူးခြားခြားဘရာဇီးသားတွေထဲမှာ အပျော်အပါးမကြိုက်ပဲ အေးဆေးနေတတ်သူအဖြစ်လည်းထင်ရှားပါတယ်။ အခုတော့ဒီကစားသမားလေး ဟာ လာမဲ့ရာသီကစပြီး ဉရောပဘုရင်ကြီးဆီမှာ အသုံးတော်ခံတော့မှာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းမှာ သူ့ရဲ့ ဘရာဇီးညီနောင်တွေဖြစ်တဲ့ ဗီနီးစီးရပ် ၊ ရိုဒရီဂို တို့နှင့်ပြန်လည်တွဲဖက်ကစားခွင့်ရမည့်အပြင် အခြားကြယ်ပွင့်ကစားသမားတွေများစွာနဲ့လည်း တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။ နောက်ပြီး ကြယ်ပွင့်ကစားသမားတွေများပြာတာနည်းတူ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာစာအတွက်ကလည်း ယှဉ်ပြိုင်မှုတွေကရှိလာတော့မှာသေချာပါတယ်။ ဒါကြောင့်သူ့အနေနဲ့အကောင်းဆုံးပြင်ဆင်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ကြိုးစားရမှာဖြစ်ပါတယ်။
အခုဆိုရင် မက်ဒရစ် မှာ အန်းဒရစ်ရောက်ရှိလာမှုနှင့်အတူ ဗီနီစီးရပ်၊ ရိုဒရီဂို ၊ ဘယ်လင်ဂမ် ၊ အာဒါဂူလာ ၊ ဒါးယဇ် ၊ အမ်ဘာပေ ဆိုတဲ့ တိုက်စစ်ကစားသမားတွေနဲ့ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့ကိုမြင်တွေ့ရပါတော့မယ်။ မက်ဒရစ်အနေနဲ့လည်းလာမယ့်နှစ်တွေမှာ ဒီကစားသမားတွေနဲ့ ဉရောပ ဘုရင်ကြီးဆိုတဲ့ ဘွဲ့ကိုဆက်ပြီးထိမ်းသိမ်းထားနိုင်မလား တကယ်ကိုစောင့်ကြည့်ချင်စရာကောင်းနေခဲ့ပါပြီ။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024