အားကစားသတင်းများ

2024 ပြိုင်ပွဲကဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိလာပြီဆိုတော့ချန်ပီယံဖြစ်မဲ့အသင်းရဲ့ရုပ်လုံးကလည်းတဖြည်းဖြည်းပေါ်လာပြီ

blog image

July 9, 2024

အခုဆိုရင်ယူရို 2024 ပြိုင်ပွဲကဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိလာပြီဆိုတော့ချန်ပီယံဖြစ်မဲ့အသင်းရဲ့ရုပ်လုံးကလည်းတဖြည်းဖြည်းပေါ်လာပြီလို့ပြောရပါမယ်၊၊ဆီးမီးဖိုင်နယ်အဆင့်ကို စပိန်၊ ပြင် သစ်၊ နယ်သာလန်၊ အင်္ဂလန် တို့တက်ရောက်ခဲ့ပြီး ဒီထဲမှာဘယ်အသင်းကချန်ပီယံဖြစ်ဖို့အနီးစပ်ဆုံးအနေအထားမှာရှိနေမလဲဆိုတာပရိတ်သတ်တွေအနေနဲ့သတိထားမိကြမဲ့အသင်းတစ်သင်းရှိနေ မယ်ထင်ပါတယ် ။ ဒီအသင်းကတော့စပိန်အသင်းပါ၊ ဘာလို့ဒီလိုပြောရနိုင်လဲဆိုတော့ လက်ရှိဆီမီးဖိုင်နယ်ထိတက်ရောက်လာတဲ့ 4 သင်းထဲမှာခြေစွမ်းအမှန်ဆုံးအသင်းကစပိန်ပါ၊ ကစားပုံ တည်ငြိမ်တယ် ပြီးတော့ရှေ့၊ လယ်၊ နောက် ဟန်ချက်အညီဆုံးအသင်းပါ၊ ဒါ့အပြင်အရန်ကစားသမားတွေကအစ အင်အားတောင့်တင်းပြီးအသင်းကိုအကျိုးပြုနေတာကိုတွေ့ရပါတယ်၊ ဒီလိုပုံစံ မျိုးအခြား 3 သင်းလုံးမှာမတွေ့ရပါဘူး လူစာရင်းတော့ကောင်းရင်ကောင်းမယ် ကစားပုံကလိုအပ်ချက်များစွာတွေနဲ့ပါ။ စပိန်ကကိုယ်အားပေးတဲ့အသင်းမဟုတ်ရင်တောင် ဒီအသင်းရဲ့ခြေစွမ်းကို အားလုံးကအသိမှတ်ပြုရပါမယ်။ စပိန်အသင်းဟာယူရို 2024 မှာအကြပ်ဆုံးအုပ်စုလို့ပြောရမဲ့ အုပ်စု (B) မှာ အီတလီ၊ ခရိုအေးရှား၊ အယ်ဘေးနီးဘားအသင်းတို့နဲ့တစ်အုပ်စုထဲကြရောက်နေခဲ့တာ ပါ၊ ဒါပေမဲ့စပိန်ဟာ ဒီအုပ်စုမှာအကောင်းဆုံးအသင်းဖြစ်ခဲ့ပြီး အဆင့် (1) နဲ့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပြီးဒီအုပ်စုပွဲစဉ် ( 3 ) လုံးမှာလဲ အသင်းကသွင်းဂိုး 6 ဂိုးသွင်းယူခဲ့ပြီး ပေးဂိုး 1 ဂိုးသာခွင့်ပြုပေးခဲ့ရပါတယ်။ ဒါဟာအသင်းကောင်းတစ်သင်းရဲ့စွမ်းဆောင်ရည်တွေဖြစ်ပါတယ်၊ အုပ်စုပွဲစဉ်တွေပြီးနောက် စပိန်ဟာ (16) သင်းအဆင့်မှာ ပေါ်တူဂီကို အနိုင်ယူခဲ့တဲ့ဂျော် ဂျီယာကို ဂိုးပြတ်သွင်း ၊ ကွာတားအဆင့်မှာ အိမ်ရှင်ဂျာမနီကို အနိုင်ကစားကာဆီးမီးဖိုင်နယ်အဆင့်ဆီ အထိုက်တန်ဆုံးခြေစွမ်းတွေနဲ့တက်လှမ်းခဲ့ပါတယ်၊ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။တဖက်မှာတော့ အင်္ဂလန်အသင်းနှင့် နယ်သာလန်အသင်းတို့ကယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဘောလုံးအားကစားဆိုတာကတော့ဘယ်အရာမှပုံသေတွက်ချက်ထားလို့ တော့မရပါဘူး၊ မဖြစ်နိုင်တာတွေကအချိန်မရွေးဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင်အခြားအသင်းတွေမှာလည်း ချန်ပီယံဖြစ်နိုင်မဲ့ တန်းတူအခွင့်အရေးတွေရှိပါတယ်။ အင်္ဂလန်တို့ပြင်သစ်တို့ ပိုင်ဆိုင်ထားတဲ့လူစာရင်းဆိုအမှန်တကယ်ကိုပြည့်စုံလွန်းပါတယ် လက်ရှိဉရောပမှာအကောင်းဆုံးဆိုတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားကြတာပါ ဒါပေမဲ့ ဒီနှစ်သင်းဟာလက်ရှိယူရိုမှာကစားပုံ အဆိုးရွားဆုံးအသင်းတွေထဲမှာပါဝင်နေပါတယ် ကံကောင်းလို့သာဒီအဆင့်ကိုတက်ရောက်နိုင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်းဒီအဆင့်ထိတက်လှမ်းနိုင်တာကတော့လျော့တွက်လို့မရတဲ့ အသင်းတွေဆိုတာသတိပြုရပါမယ်။နယ်သာလန်အသင်းကတော့ တဖြည်းဖြည်းတည်ငြိမ်တဲ့ကစားပုံတွေပြသလာနေပြီး ချန်ပီယံဖြစ်ဖို့အတွက်အရိပ်အရောင်ကောင်းတွေပိုင်ဆိုင်လာတာတွေ့ရ ပါတယ်။ ဆိုတော့အားလုံးကချန်ပီယံဖြစ်မဲ့အခွင့်အရေးတွေပိုင်ဆိုင်ထားကြပြီးအသင်းကြီးတွေလည်းဖြစ်တာနဲ့အညီလာမဲ့ပွဲစဉ်တွေကအမှန်တကယ်ကိုကြည့်ကောင်းမှာသေချာပါတယ်၊အမှား လုပ်တဲ့အသင်းကတော့ပေးဆပ်ရမှာပါပဲ။
ဆီးမီးဖိုင်နယ်ရဲ့ပထမပွဲစဉ်ကိုတော့ ( 10/7/2024 - ⏰01:30AM ) အချိန်မှာ
စပိန် နှင့် ပြင်သစ် တို့ကယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

#k9winsportmedia
#EURO2024
#spain
#france
#netherlands
#england

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024