အားကစားသတင်းများ

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

blog image

August 28, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰( 𝟐𝟖 / 𝟖 / 𝟐𝟎𝟐𝟒 )
ချယ်လ်ဆီး 🔵
နာပိုလီအသင်းရဲ့တိုက်စစ်မှူး ဗစ်တာအိုဆင်ဟမ် ကိုဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေတုန်းက ကစားသမားရဲ့အေးဂျင့်တွေနဲ့ဆက်သွယ်ပြီးအပြောင်းအရွှေ့အတွက်ဆွေးနေခဲ့ပါတယ်။ လက်ရှိမှာအိုဆင်ဟမ်ရဲ့အပြောင်းအရွှေ့အတွက် နာပိုလီဟာ အယ်လ်အာလီအသင်း နဲ့ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပေမဲ့ ကစားသမားနဲ့ အယ်လ်အာလီ တို့ကြားသဘောတူညီမှုမရရှိသေးတဲ့အတွက် ဒီအပြောင်းအရွှေ့ဟာမဖြစ်ပေါ်လာသေးပဲ လက်ရှိ အချိန်မှာ ချယ်လ်ဆီးအသင်းကပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့နောက်ထပ်အပြောင်းအရွှေ့သတင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမား ဂျေဒန်ဆန်ချို အတွက်ဆွေးနွေးနေပြီး အသင်းရဲ့ တိုက်စစ်ကစားသမား စတာလင်းအပြင်ပြောင်းရွှေ့ကြေးပါ အလိုက်ပေးပြီးကမ်းလှမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
---------------------------------------
လီဗာပူး 🔴
ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်ကစားသမား ချီဆာ ကိုယူရို 15 သန်းကျော်ပြောင်းရွှေ့ကြေးတစ်ရပ် ဖြင့်ခေါ်ယူသွားဖို့ ဂျူဗင်တပ်အသင်းနဲ့ဆွေးနွေးနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့စိတ် ဝင်စားနေပြီး ဒီအပြောင်းအရွှေ့ကဖြစ်ပေါ်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။
----------------------------------------
ဖီနာဘာချီ 🟡
နည်းပြမော်ရင်ဟိုကိုင်တွယ်နေတဲ့ဖီနာဘာချီအသင်း ဟာဖီအိုရင်တီးနားအသင်းရဲ့ကွင်းလယ်အဖျက်ကစားသမား အမ်မရာဘတ် အတွက် တစ်နှစ်စာအတွက်အငှားပြောင်းရွှေ့ကြေး ယူရို 2 သန်း နှင့်အပြီးသတ်ဝယ်ယူခွင့် ယူရို 12 သန်းပါပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့အတွက်ဆွေးနွေးနေပါတယ်။ ဒါပေမဲ့လည်း ဖီအိုရင်တီးနားအသင်းက ဒီထက်ပိုလိုချင်နေတဲ့အတွက်ဆက်လက်ဆွေးနွေးတုန်းဖြစ်ပါတယ်။
------------------------------------------
ဘရိုက်တန် 🔵
ဈေးကွက်ထဲမှာအသင်းကြီးတွေအပါအဝင်ကလပ်အသင်းတော်တော်များများကစိတ်ဝင်စားနေတဲ့ ဖီနာဘာချီအသင်းရဲ့ဘယ်နောက်ခံကစားသမား ကာဒီရိုဂလူ ကိုဘရိုက်တန်အသင်းကပြောင်းရွှေးကြေး ယူရိုသန်း 30 ဖြင့်တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ✅
-----------------------------------------
အယ်လ်ဟီလယ် 🔵
ဘာစီလိုနာအသင်းကနေအငှားကစားပြီးပြန်လာခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ညာနောက်ခံကစားသမား ကန်ဆယ်လို ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကိုပြောင်းရွှေ့ကြေး ယူရို 25 သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ✅

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024

သွင်းဂိုးပေါင်း 10,00 ဆိုတဲ့စံချိန်တစ်ခုကို ဂုတ်ကြီးတစ်ယောက်ထပ်ပြီးတင်နိုင်မှာလား ? 🐐🇵🇹 🎖️

August 9, 2024