အားကစားသတင်းများ

နိုင်ငံအသင်းကနေအပြီးသတ်အနားယူလိုက်တဲ့ အမေ့လျော့ခံသူရဲကောင်းတစ်ဦး ( သို့မဟုတ် ) အိမ်ဂျယ်ဒီမာရီယာ

blog image

July 18, 2024


အခုချိန်ထိ တောင်ပံနေရာတွေမှာ အတိုးအလှုပ်အရိမ်းအနွဲ့တွေနဲ့ ဘောလုံးကိုအဆင့်တန်းမြင့်မြင့် လှပစွာကစားတတ်တဲ့ အားဂျင်တီးနားပရိတ်သတ်တွေရဲ့ အမေ့လျော့ခံသူရဲ့ ကောင်းဦး ဒီမာရီယာကတော့ 2024 ကိုပါအမေရိကားဖိုင်နယ်ပြိုင်ပွဲအပြီးမှာနိုင်ငံလက်ရွေးစင်အသင်းကစားသမားဘဝကနေအနားယူလိုက်ပြီဖြစ်ပါတယ်။အသက်အရွယ်ရ လာတာနဲ့အမျှကစားသမားဘဝကနေပါအနားယူဖို့နီးကပ်ချိန်အောင်မြင်မှုအားလုံးရယူပြီးပြီလို့ပြောလို့ရတဲ့နိုင်ငံအသင်းကနေ ဒီမာရီယာ တစ်ယောက်အပြီးတိုင်နှုတ်ထွက်
လိုက်ပါပြီ။ ဒါဟာဝမ်းနည်း စရာကောင်းတဲ့မြင်ကွင်းလို့ဆိုနိုင်ပေမဲ့ လှပတဲ့အဆုံးသတ်လေးတစ်ခုလို့လည်းပြောနိုင်ပါတယ်။ ကိုပါအမေရိကဖလားကို အရယူခဲ့ပြီးနိုင်ငံ အသင်းကစားသမားဘဝကို အနိုင်နဲ့ပိုင်းပြီးနှုတ်ဆက်ခဲ့တာပါ။ဘာပဲပြောပြောအာဂျင်တီးနားပရိတ်သတ်တွေအတွက်တော့တကယ်ကိုဝမ်းနည်စရာကောင်းတဲ့အခိုက်အတန့် တစ်ခုဖြစ်တယ်ဆိုတာပါအသေအချာပါပဲ။ဒီမာရီယာ ဟာနိုင်ငံလက်ရွေးစင်အသင်းကို 2008 ခုနှစ်မှာစတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနှစ်ဟာ ဒီမာရီယာတစ်ယောက် အာဂျင်တီးနား U21 အသင်းနှင့်အတူဘေကျင်းအိုလံပစ်မှာဖလားရရှိခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်မှာအနိုင်ဂိုးကိုသွင်းယူခဲ့ပြီးခြေစွမ်းပြခဲ့တဲ့ ဒီမာရီယာ အပါအဝင် ဖလားရယူခဲ့ရာမှာခြေစွမ်းပြခဲ့တဲ့လူငယ်လေးတွေကိုလက်ရွေးစင်အသင်းကခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် 2008 ခုနှစ်ကနေ ယနေ့ 2024 ထိ 17 တိုင်တိုင် နိုင်ငံအသင်းအတွက်ပါဝင်ကစားပေးခဲ့ပါတော့တယ်။အာဂျင်တီးနားအသင်းအတွက်ဆိုရင်ဒီမာရီယာဟာမက်ဆီနည်းတူမရှိမဖြစ်အရေးကြီးတဲ့ကစားသမားတစ်ဦးအဖြစ် လည်းသတ်မှတ်လို့ရပါတယ်။အာဂျင်တီးနားရဲ့အောင်ပွဲတွေမှာ ဒီမာရီယာက အမြဲတမ်းပါဝင်ခဲ့ပြီး အသင်းကိုနိုင်ပွဲတွေရအောင်ဦးဆောင်ခဲ့သူတွေထဲအပါအဝင်ဖြစ်ပါတယ်။ ဒါကိုသူကစားနေချိန်မှာအာဂျင်တီးနားအသင်းနှင့်အတူရယူနိုင်ခဲ့တဲ့အောင်မြင်မှုတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီမာရီယာဟာ နိုင်ငံအသင်းနှင့်အတူ ပွဲပေါင်း 145 ပွဲကစား ကာ 31 သွင်းယူပေးခဲ့ပြီး 2021 ကိုပါအမေရိကားဖလား ၊ 2022 ကမ္ဘာဖလား၊ 2022 တိုက်ကြီးများဖလား၊ 2024 ကိုပါအမေရိကားဖလားတို့ကိုရရှိခဲ့ပါတယ်။ နောက်ပြီး ဖိုင်နယ်ပွဲစဉ်တိုင်းလိုလို ကိုဂိုးတွေသွင်းယူပြီးနိုင်ပွဲတွေရှာဖွေပေးခဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ 2021ကိုပါအမေရိကားဖလားဖိုင်နယ်ရဲ့အနိုင်ဂိုးရှင်၊ 2022တိုက်ကြီးများဖလားဖိုင်နယ်မှာ 1 ဂိုး၊ 2022ကမ္ဘာ့ဖလားဖိုင်နယ်မှာ1ဂိုးသွင်းယူပေးခဲ့ပြီးအကောင်းဆုံးစွမ်းဆောင်ပြခဲ့တာကိုတွေ့ရပါတယ် ။ ဒါပေမဲ့ အာဂျင်တီးနား
အသင်းမှာမက်ဆီရှိနေတာနည်းသူ ဒီမာရီယာက ထင်သလောက်ဂုဏ်ပြုမှုတွေမရခဲ့ပဲအမေ့လျော့ခံသူရဲကောင်းတစ်ဦးအဖြစ်သာတည်ရှိခဲ့ရပါတယ်။
ဒီမာရီယာလိုကစားသမားမျိုးက အာဂျင်တီးနားအသင်းအတွက်ဘယ်တော့မှပြန်မရနိုင်တော့မဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ နောက်ပြီး အာဂျင်တီးနားအသင်းအတွက် ဒီမာရီယာကို ဂုဏ်ပြုရမယ်ဆိုရင်တော့ ဘုရားကပေးတဲ့လက်ဆောင်လို့ပဲပြောရမှာဖြစ်ပါတယ်။

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024